အခန်း(၂)
လူတစ်ယောက်ကို မြင်လျှင်မြင်ချင်း အဝါရောင် ပန်းတစ်ပွင့်ကို တွေ့မြင်ရသကဲ့သို့ အသင်တို့ ခံစားဖူးသည်လော။
ကျန်ုပ်ဖြင့် တစ်ကြိမ်မက ခံစားခဲ့ဖူးသည်။
ထိုသူမအား မြင်တွေ့ရသည်နှင့် ကျွနုပ်ဘေးရှိ မြင်မြင်သမျှအရာအားလုံးသည် အဝါရောင်ပန်းများ။ ထို့ထက်ညွှန်းရလျှင် အဝါရောင် ဆယ့်နှစ်ရာသီပန်းများဖြင့် ခြံရံထားသည်ဟု ခံစားခဲ့ရသည်မှာ ယခုမှမဟုတ်ခဲ့ေပ။ဟိုးငယ်စဉ် ကလေးဘ၀ကတည်းကပင် ဖြစ်ေပလိမ့်မည်။ကျွနုပ်အသက် (၅)နှစ်၀န်းကျင်မျှ ရှိဦးမည်။ အတိအကျအားဖြင့် ၄နှစ်ပြည့်ပြီး ၄လ/၄ရက်နေ့တွင် ဖြစ်မည်။
ထိုနေ့တွင် ကျွနုပ်တို့တဲအိမ်ေလး အပြင်ဘက်ရှိ ကောင်းကင်တွင် မိုးများပြိုမလို အုံ့မှိုင်းနေလေသည်။ ထို့အတူ ကျွနုပ်ဖခင် မျက်၀န်းတွင်လည်း မိုးများမပြိုဘဲ အုပ်မှိုင်းလျှက်ရှိသည်။
အမြဲ ကျွနုပ်အား ပွတ်သီးကပ်သီး နေတတ်သည့် ကျွနုပ်မိခင်သည် ဤနေ့မှ မရှိ။
အဘယ်သို့သွားသည်လည်း မသိပါ။
မိုးလင်းသည်ဆိုကတည်းက မတွေ့ရပေ။သို့ရာတွင် ကျွနုပ်မသိသော လူများစွာသည်
မိုးလင်းကတည်းကပင် အိမ်ပေါ်ရောက်ရှိနေလေသည်။ဖေဖေသည်လည်း မအားသည့်ပုံဖြင့် ကျွနုပ်အနား
မလာခဲ့ပေ။
ဖေဖေ့အနားသို့ သွားလျှင်လည်း ယခင်ကဲ့သို့ မဟုတ် စိမ်းသက်နေသည်ဟု ခံစားရသည်။
အထူးသဖြင့် ကျွနုပ်အား စိုက်ကြည့်နေသည့်
စိုစွတ်စွတ် မျက်၀န်းအစံုသည် များစွာထူးဆန်းပေသည်။ပွဲလမ်း၌ပင် ဧည့်သည်မလာတတ်သည့် ကျွနုပ်တို့အိမ်လေးတွင် ယခုကဲ့သို့ လူများစွာ လာရောက်နေသည်ေကြာင့် များစွာ အနေကျပ်သည်။
ထို့ကြောင့် ကျွနုပ် မန်းကျည်းပင်ကြီးအောက်တွင် ထိုင်နေရသည်မှာ အတော်ပင် ကြာနေလေပြီ။
အချိန်မည်မျှရှိသည်ကိုေတာ့ ကျွနုပ်မသိပါ။သို့ရာတွင် တယောက်တည်းစော့ရင်းဖြင့်
နိုင်ေနသည့် မန်ကျည်စေ့(ဇယ်စေ့)များစွာသည်ေတာ့ ကျွနုပ်ဘေးတွင် ပုံနေလေပြီ။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်