-"အဝါ!"
-"ညီမလေး!"
-"အဝါတွေ ဘာတေွလုပ်မနေနဲ့ ဖယ်လိုက်။"
ကျွနုပ်ကိုအမြင် အံ့ဩနေသည့်မနုကို အားမနာနိုင်တော့ပါ။
ပုခုံးမှကိုင်၍ ဘေးသို့ဆွဲချလိုက်သည်။
ထို့နောက် မေ့နေသူ လူယုတ်မာရဲ့ရင်၀ေနရာသို့
ခြေတစ်ဖက်ဖြင့်နင်းလျှက် သူ့ဆံပင်ကိုပါကိုင်ဆွဲ၍ ။-"မအေဘေး!"
-"မှတ်ထား၊ဒါက ငါ့ကိုခွေးကျင့်ခွေးကြံကြံချင်လို့"
-"ဖြန်း!"
-"ဒါကကျ နင့်ပါးကိုေပးခဲ့မိတဲ့ အနမ်းတစ်ချက်အတွက်"
-"ဖြန်း!"
-"ဒါက ဟိုဘုန်းကြီးကျောင်းသားကို
ခွေးကျင့်ခွေးကြံတွေသင်ပေးလို့!"-"ဖြန်း!"
-"အိမ်း..မကျေနပ်သေးပေမယ့်လို့
နင့်ကသေတော့မှာမို့
ဒီလောက်ပါပဲ။
ဟိုဘက်က ငါ့မယားကို ကြာခိုသူ
မယားခိုးကိုတော့
ဒီထက်ကြမ်းရမယ်"-"ဟို..ဟို"
-"အမယ်..နင်က သတိရသေးတာပဲ။
ဒါဆို ခံနိုင်ရည်ရှိသေးတယ်ပေါ့။
အဟင်းဟင်း..."-"တောင်း..တောင်းပန်ပါတယ်"
-"အဟက်ဟက်.."
-"ဟားဟားဟား"
-"တောင်းပန်တယ်တဲ့လား။
စိတ်ေတာင်မေကာင်းဘူး။
မင်းလိုလူကိုခွင့်လွှတ်နိုင်တဲ့အထိ
ငါသဘောထားကြီးမနေဘူး။
အခုချိန် ငါသိတာတစ်ခုပဲရှိတယ်။
အဲ့တာ ဘာလဲသိလား။
နင့်ကြောင့် အနိုင်ရိုက်ခဲ့တဲ့ ပါးတစ်ချက်အတွက်
နင့်ဆီက တန်ရာတန်ကြေးပြန်ယူဖို့ပဲ။"ကျွနုပ် သိုက်ညီကိုရိုက်ပြီးသည်နှင့် မယားခိုးသူထံ ဦးတည်မိတော့ ကံကောင်းသည်က သူကသတိရသေး၏။
ဆံပင်ကိုကိုင်ဆွဲမလိုက်သည်နှင့် မိမိကို ကြောက်ကြောက်လန့်လန့် တောင်းပန်လာသည်ေကြာင့်
မိမိ ဟက်ဟက်ပက်ပက်ပင်ရယ်မိသည်။
သူတောင်းပန်ရံုနှင့် ကွဲသွားတဲ့အသည်းက
ပြန်ဆက်မှာတဲ့လား။
ပြိုလဲသွားတဲ့အိမ်ထောင်ရေးကရော
ပြန်အဆင်ပြေမှာတဲ့လား။
မြတ်နိုးရတဲ့ပန်းတစ်ပွင့်ကရော
အရင်လို ရနံ့မွှေးလာမှာတဲ့လား။
သိပ်ကိုရယ်ချင်မိပါရဲ့လေ။
သည်လိုလူမျိုးကိုမှ ခွင့်လွှတ်ရအောင်
တရားပေါက်နေသည့် ပုဂ္ဂိုလ်မှ မဟုတ်ဘဲ။
ထို့ကြောင့် ပြောစရာရှိတာပြောပြီးသည်နှင့် သူ့ရင်ဘတ်သို့ ခြေဖေနာင့်ဖြင့်ဖိနင်းချေလိုက်သည်။
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်