Part-1💗

3.2K 40 0
                                    

အချစ်လှိုင်း 💗🌺
အတွဲ(၂)

အပိုင်း (၁)

ဘားဆိုင်ကဖွင့်တဲ့ *Mile away - bring me back* သီချင်းကိုနားထောင်ပြီး *သုတလင်းအောင်*တစ်ယောက် ခေါင်းရှုပ်နေလေသည်.
ဒီဘားဟာ သူ့ပိုင်တဲ့ဘားမဟုတ်တဲ့ သူရဲ့ဘားပါ...
*အမရာဂျူး* ဆိုသည့် ကလေးမ တစ်ယောက်မွှေသွားသည့်ကိစ္စကြောင့် ဒီဘားဟာသူ့ဘားဆိုပြီးဖြစ်လာခြင်းပင်...

မိဘတွေ အတင်းစီစဥ်ပေးမှုရော ဂျူးဂျူးရဲ့ ဆန္ဒကြောင့်ရော
နှစ်ခုပေါင်းကာ သူတို့နှစ်ဦး နောက်လ ဆို မင်္ဂလာဆောင်ရတော့မည်..
သူနဲ့ယူချင်တဲ့ ဂျူးဂျူးဆိုသည့်သူက ခရီးတွေထွက်နေလေရဲ့...
မယူချင်တဲ့ သူကတော့ အလုပ်အားတာနှင့် ဒီကဘားမှာနေနေရတာနဲ့
လျှောက်မလည်ရတာပင်ကြာလေပြီ...

"အကိုကြီး ဒီနေ့က စောနားလိုက်လေဗျာ ကျွန်တော်ဆိုင်သိမ်းလိုက်မယ်"

အလိုက်သတိဖြင့်...ပြောလာတဲ့သားငယ်ကို လင်းအောင်လှည့်ကြည့်လိုက်ကာ ပြုံးပြလိုက်ပြီး...

"ဒီနေ့တော့ ငါလည်းနားချင်နေတာ သားငယ်ရ..
ခွဲခန်းရောဝင်ခဲ့ရတာမို့လို့လေ... မင်းသိမ်းလိုက်ကွာ မင်းအမဖုန်းဆက်ရင် ကြည့်ကြပ်ပြောလိုက်ပေါ့"

"ဟုတ်ကဲ့ ကိုလင်း"

သားငယ်ကိုပြောဆိုပြီး သူအပြင်ထွက်လာလိုက်လေသည်..
ဆေးလိပ်တစ်လိပ်ထုတ်လိုက်ပြီး.. မီးညှိလိုက်ကာ...
တစ်ချက်ရှိုက်လိုက်ပြီး အငွေ့တွေကိုထုတ်ပစ်ရင်း...
ဂျူးဂျူးအကြောင်းတွေးမိပြန်လေသည်...
ဘယ် ခရီးသွားတာမို့ ၂လကျော်တောင်ကြာရတာလဲ...

လင်းအောင် ဆေးလိပ်ကို ငြိမ်းလိုက်ကာ
အမှိုက်ပုံးထဲထည့်ပြီး ကားထဲဝင်လိုက်သည်...
စောစောကတော့  ဇင်လင်းရဲ့club သွားမလို့ပါဘဲ...
ကားထဲရောက်မှသွားချင်စိတ်ပျောက်သွားတာမို့ အိမ်ကိုဘဲတန်းပြန်ခဲ့လိုက်သည်...

ကားဂိုဒေါင်ထဲ ကားသွင်းပြီး အိမ်ထဲဝင်ခါနီးဆေးလိပ်တစ်လိပ်ကုန်အောင်သောက်လိုက်သေးသည်...အခုတလော ဆေးလိပ်တွေအရမ်းသောက်နေမိတာ ကိုယ့်ကိုယ်ကိုယ်လဲသိသည်.. ဒါပေမယ့် စွဲနေပြီ...

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now