Chapter - 27

1.4K 30 0
                                    

အချစ်လှိုင်း💗🌺
အတွဲ(၂)

အပိုင်း(၂၇)

အရက်သောက်တိုင်း မူးအောင်မသောက်တဲ့ သူဟာ
ဒီလိုနေရာမှာတော့ သူ့ကိုယ်သူချီးကျူးစရာကောင်းသည်ဟုထင်သည်။
အိမ်ကိုပြန်လာတဲ့တစ်လျှောက် ဂျူးဂျူးအကြောင်းကိုတွေးလာမိသည်။
ဘာမှမစားရဘဲ အိမ်ခန်းထဲမှာနေနေတာဆိုတော့ ဗိုက်ဆာနေမှာအသေအချာပင်။ ဆိုင်တစ်ဆိုင်ထဲဝင်ကာ ကြက်ကြော်နှင့်အအေးဝယ်ခဲ့လိုက်ပြီး ကြေးအိုးတစ်ခွက်ရော ဝယ်ပြီး ပြန်ခဲ့လိုက်သည်။

အိမ်ကိုပြန်ရောက်တာနှင့် ထမင်းစားခန်းထဲဝင်ကာ
ကြေးအိုးထည့်ထားသော ဗူးကို ကြွေလင်ဗန်းထဲတင်လိုက်ကာ ဘေးကနေ ကြက်ကြော်နှင့် အအေးကိုထည့်လိုက်ပြီး ဂျူးရှိတာ အိမ်ပေါ်ကို သူလာခဲ့လိုက်သည်။
တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံပင်မကြားရ
တံခါးကိုဖွင့်လိုက်ပြီး အထဲဝင်ခဲ့လိုက်ကာ ဂျူးကိုတကူးတကလိုက်ရှာစရာမလို ကုတင်ပေါ်မှာ သူ့ကိုကျောပေးပြီး ကွေးကွေးလေးနေနေတာမို့ အိပ်နေတာဟု ထင်ကာ စားပွဲခုံပေါ် သို့ လင်ဗန်းကိုတင်လိုက်ပြီးဂျူး ဆီဖွဖွလေး လျှောက်သွားလိုက်ကာ မျက်နှာချင်းဆိုင်အနေအထားရောက်သွားမှ အိပ်နေသည်မဟုတ် မျက်လုံးလေးဖွင့်ပြီး ပြတင်းပေါက်ကိုကြည့်နေခြင်းပင်...

လင်းအောင် ကုတင်စောင်းမှာဝင်ထိုင်လိုက်ပြီး

"ဂျူးဂျူး အစာစားရအောင် ကို ကြက်ကြော်နဲ့ ကြေးအိုးဝယ်ခဲ့တယ်"

ဘာမှပြန်မဖြေ သူမရှိသလို အနေအထားဖြင့်သာနေနေလေသည်။
ဂျူးဂျူးနားကိုတိုးလိုက်ပြီး လက်မောင်းကိုလှမ်းကိုင်တော့ ဖယ်ချသည်
စိတ်တိုနေတာဘဲ

"ကိုတောင်းပန်ပါတယ် ကိုက... ဒီတိုင်းဘဲကွာ မတော်တဆ"

မတော်တဆတဲ့လား ဦးလင်းပါးစပ်ကပြောထွက်ရဲလိုက်တာ
ကိုယ်မချစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိပါးစော်ကားတာက မတော်တဆတဲ့လား
ဦးလင်း က တဏှာကြီးတဲ့ သူမို့လို့လား... ဆိုပြီးမေးလိုက်ချင်ပေမယ့် မမေးဘဲ ဒီတိုင်းသာနေနေလိုက်သည်။ ဘာဆိုဘာမှမပြောချင်တော့ဘူးလေ။ မျက်လုံးကို စုံမှိတ်ပြီး မှေးနေလိုက်တော့သည်။

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now