အချစ်လှိုင်း💗🌺
အတွဲ(၂)အပိုင်း (၃၉)
၂လခန့်ကြာသော်...
"ဂျူးဂျူး ကမ်းခြေသွားချင်တယ်ဆိုလို့ ကိုစီစဥ်ပေးထားတယ်"
"တကယ်ကြီးလား ဦးလင်း"
"အွန်း...ဟုတ်တယ်
ကိုနဲ့ မင်းနဲ့ ၂ယောက်တည်းသွားမှာ""အာ ပျင်းစရာကြီး...သူငယ်ချင်းတွေပါမှပျော်စရာကောင်းမှာလေ
လူများမှပေါ့""အဲ့တာဆို မိန်းမက ဘယ်သူ့ကိုခေါ်ချင်သေးတာလဲပြော"
"ဂျူးဖက်ကတော့ ခေါ်စရာလူမရှိပါဘူး ဦးလင်း ခေါ်ချင်တဲ့ သူကိုသာခေါ်လိုက်"
"ပြီးတာဘဲနော် နောက်မှ ၂ယောက်တည်းအေးဆေး မနေရဘူးဆိုပြီး
ကို့ကို အပြစ်လာမတင်နဲ့""မတင်ပါဘူးနော် ..."
သူ့ပုခုံးပေါ်မှီရင်း နှုတ်ခမ်းလေးဆူကာပြောပြောနေတဲ့ ဂျူးဂျူး ကိုကြည့်ပြီး လင်းအောင် ပြုံးလိုက်မိသေးသည်။
"ကိုမေးဦးမယ်... တက်တူးကိုဘယ်မှာသွားထိုးခဲ့တာလဲ
ကိုနဲ့ တစ်ပုံစံတည်းတူလို့လေ""ဟီး...အဲ့တာက ဦးလင်းဘယ်မှာထိုးလဲဆိုတာ ကိုထက်ကိုမေးလိုက်ပြီး
ဦးလင်းရဲ့သူငယ်ချင်း နားသွားထိုးခဲ့တာ""Jame လား"
"ဟုတ်တယ် အဲ့ အကို ကိုယ်တိုင်ထိုးပေးခဲ့တာ"
မျက်နှာညှိုးကျသွားပြီး တစ်ဖက်လှည့်သွားတာမို့
ဂျူး ခေါင်းလေးစောင်းကြည့်ကာ..."ဦးလင်း...ဘာဖြစ်သွားတာလဲ"
"ကို အဲ့လိုတွေမကြိုက်တာ
ဘာလို့ မဟုတ်တာတွေ ဆို အရမ်းလုပ်ချင်နေရတာလဲ မိန်းမရာ...
အဲ့ ခါးသေးသေးလေးနဲ့ ဗိုက်ချပ်ချပ်တွေကို တခြားကောင်တွေမြင်တာမျိုး ကိုမကြိုက်ဘူး""သြော် ဦးလင်းကလဲ.. ဂျူးက မဟုတ်တာလုပ်တာလဲမဟုတ်..
ဦးလင်းနဲ့ အတူတူရှိစေချင်လို့လေ...""မဆိုင်တာတွေ ဂျူးဂျူးရာ...နောက်ဆို အဲ့လိုတွေ လျှောက်မလုပ်နဲ့"
"ဟုတ်ပါပြီနော် နောက်ဆို ဦးလင်းကိုပြောပြီးမှဘဲလုပ်တော့မယ်"
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞