အချစ်လှိုင်း💗🌺
အတွဲ(၂)အပိုင်း(၄၀)
Final part"ကြာလှချည်လား"
ကမ်းခြေနားရှိ ခုံတွေနားထိုင်ပြီး အေးဆေးအနားယူနေကြသူတွေထဲ
သူတို့ ကိုအရင်မြင်တဲ့ jame က စကား စမြည်ပြောသည်။
jame ရဲ့ စကားကြားမှ တခြားသူတွေလဲ လှည့်ကြည့်ခဲ့ကာ..."ဘာလို့ အဲ့လောက်ထိကြာနေရတာလဲ"
"စောင့်နေတာရောသိရဲ့လား ငလင်း"
လင်းအောင်ပြုံးလိုက်ပြီး လွတ်နေတဲ့ ခုံ ၂ခုနားထိုင်လိုက်ကာ...
"ကိစ္စလေးတွေရှိနေလို့ပေါ့"
"ဘာကိစ္စလဲ"
အရိပ်အကဲသိတတ်တဲ့ jame နဲ့ဇန်လင်းကတော့ ဆက်မမေးဘဲနေနေပေမယ့် မသိတတ်တဲ့ ဇင်လင်း ကတော့ စကားထွက်ခဲ့သေးသည်။
သူမဖြေရသေးခင် ဂျူးဂျူးကရှက်နေလေပြီ..."မင်းဟာလေ အရိပ်အကဲ ကိုမသိဘူး
ဟိုက ပြောပြလို့မရတဲ့ ကိစ္စမို့လို့ပေါ့...ငတုံးရ""ငါ့ကိုငတုံးလို့မပြောနဲ့ လိ့"
"မေ-ိုး ငါ့ကိုလာမဆဲနဲ့"
မိန်းကလေး ကိုယ်စီပါလာကြပေမယ့်လည်း အဆဲအဆိုက မပြတ်...
ပါလာတဲ့မိန်းကလေးတွေကလဲ မျက်နှာကပြုံးရွှင်ခြင်းမရှိ..."တော်ပါတော့ကွာ မင်းတို့က..."
"ဂျူးဂျူးတို့ အကင်တွေ သွားကင်ရအောင်လေ မှောင်ရင် အဆင်သင့်စားလို့ရအောင်လို့"
"ဟုတ်ကဲ့"
"ကောင်းတယ်ညီမလေး"
ယောက်ျားလေးသီးသန့် ဖြစ်သွားအောင် ဂျူးဂျူး ကဘဲ ကျန်မိန်းကလေးတွေ ကို ဦးဆောင်ပြီး ခေါ်သွားလိုက်သည်။
ပြောချင်တဲ့ စကားတွေ သီးသန့်ပြောလို့ရအောင် ခေါ်သွားပေးတဲ့ ဂျူးဂျူး ကို လင်းအောင်စိတ်ထဲမှာ အမှတ်ပေးလိုက်မိပြန်သည်။
"မြိုသိပ်ထားတာတွေ ပြောချင်တာတွေပြော...ရပြီ"
"မိန်းမ မရချင်တဲ့ ကျွန်တော့ကို အတင်းပေးစားနေလို့..."
ဇန်လင်းက အရင် စကားစလာလေသည်။
ဂျူးဆီကနေ လင်းအောင်နည်းနည်းပါးပါးတော့ သိထားပြီးသားပင်။
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞