အချစ်လှိုင်း💗🌺
အတွဲ(၂)အပိုင်း(၂၂)
မဆူးတို့သွားလိုက်ပြီးကတည်းက ဂျူး
အိမ်ကိုလည်းမပြန်ဖြစ်သလို အန်တီအိမ်ကိုလည်း မသွားဖြစ်တော့ပေသူ့ရဲ့ဘား မှာ ရှိတဲ့ သူ့သီးသန့်ခန်းလေးထဲမှာသာ အိပ်ဖြစ်သည်
မနက်နိုးလာတာနှင့် အချိန်ကိုကြည့်ကာ ဦးလင်း ဆေးရုံသွားသည့်အချိန်ရောက်တာနှင့်သူ အိမ်ပြန်လာကာ ရေချိုး အဝတ်အစားလဲပြီး
မနက်စာ အတွက် ဆိုင်တစ်ခုခုနားဝင်စားပြီးတာနှင့် ဆိုင် ၄ ဆိုင်စလုံး ကိုလှည့်ပတ်ကြည့်လိုက်သည်...အများဆုံးနေဖြစ်တာကတော့ ကော်ဖီဆိုင်နှင့် ဘားဆိုင်ပင်
ဆိုင်တိုင်းမှာ မန်နေဂျာတွေခန့်ထားလိုက်ပြီး သူကတော့ လှည့်ပတ်ကာ သွားကြည့်ပေးလိုက်သည်...
ညဆိုရင် သူ့ဘားမှာဘဲ အရက်သောက်ကာ အခန်းထဲ ဝင်အိပ်လိုက်တော့သည်...
ဒီလိုနေလာကာ အခုဆို ၂ပတ်ပင်ကျော်လေပြီ
သူ့ဘဝထဲ ဦးလင်းဝင်မလာခင်တုန်းက ပျော်စရာကောင်းပြီး
သူ ဦးလင်း ကို ချစ်ပြီးနောက်မှာတော့ ပျော်ရွှင်မှုဆိုတဲ့အရာကိုရှာရတာဟာ ကောက်ရိုးပုံထဲ အပ်ရှာရသလိုပါဘဲ..."မမဂျူး အိမ်မပြန်တာကြာပြီနော်"
သားငယ်ပင်ပြောနေလေပြီ
"အွန်းဟုတ်တယ်"
"ဘာလို့လဲ မမဂျူးရဲ့ ဒီမှာ အိပ်နေတာ ၁လတောင်ပြည့်တော့မယ်ထင်တယ်"
"အာ မဟုတ်တာ ၂ပတ်ကျော်လောက်ဘဲရှိပါဦးမယ်
၁လကြီးမရှိသေးပါဘူး""ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ဆိုင်သိမ်းပြီးပြန်ရင်
မမဂျူးတစ်ယောက်တည်း အခန်းထဲ အိပ်ရတာ မကြောက်ဘူးလားဗျ ကျွန်တော်ကတော့ ကြောက်တယ်"သားငယ်ပြောမှ သူပင် ကျောချမ်းလာရလေသည်
မဟုတ်တမ်းပြောရမယ်ဆို ၂ယောက်မရှိတာ သားငယ်ပင်.."မဟုတ်တာလာမပြောနဲ့နော် သားငယ်"
"တကယ်ပြောတာ မမဂျူး ဒီဆိုင်မဖွင့်ခင်တုန်းက ဘာဆိုင်ဖြစ်ခဲ့တာလဲရောသိလား"
"မသိဘူး"
သားငယ်စကားကို သူစိတ်ဝင်တစားနားထောင်နေမိလေသည်
အချိန်က ၁၁နာရီခွဲပင်...ဆိုင်မှာလဲ သူနှင့် သားငယ် ၂ယောက်တည်း ကျန်တော့တာမို့ တိတ်ဆိတ်လျက်...
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romantikအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞