အချစ်လှိုင်း 💗🌺
အတွဲ (၂)အပိုင်း (၁၁)
"Wow..... အရမ်းလှတာဘဲ"
အရမ်းကြီးမားတဲ့အိမ်မဟုတ်ပေမယ့် ဂျူးဂျူးအရမ်းသဘောကျသည်
ချစ်စရာကောင်းပြီး အတွင်း အပြင်အဆင်တွေက အစ အကုန်အသေးစိတ်ကျကာ...လှလှလေး ပုံဖော်ထားသည်...
ဂျူး နဲ့ ဦးလင်း နှစ်ယောက်တည်းနေမယ်ဆို ကျယ်တောင် ကျယ်သေးသည်....
အခန်းတွေလိုက်ပတ်ကြည့်တော့... အောက်ထပ်က ၂ခန်းပင်...
အိမ်ပေါ်ထပ်တော့ တက်မကြည့်ရသေး...
အပြောင်းအရွေ့လုပ်တယ်လို့သာပြောတာ
အန်ကယ်တို့အိမ်နှင့်က ကပ်လျက်လေးမို့ သိပ်မပင်ပန်းပေ..
ဂျူးရဲ့ပစ္စည်းတွေ ကိုတော့ ဦးသိန်းက သယ်ပေးပြီး ဂျူးက ဒီတိုင်း လိုက်ခဲ့ရုံလေးသာ...
ဦးလင်းရဲ့ ပစ္စည်းတွေကတော့ ဒီအိမ်မှာရောက်နေပြီးသားဟု ဦးသိန်းပြောသည်..."ကလင် ကလင်...."
အိမ်ဖုန်းမြည်လာတာကြောင့် ဂျူးအပြေးသွားကိုင်လိုက်ကာ..
"ဟယ်လို"
"အွန်း ငါပါ ပစ္စည်းတွေရွေ့ပြီးပြီလား အဆင်ပြေလား"
"ပြေတယ် ဦးလင်း... ဦးသိန်းရွေ့ကူတာ"
ဦးသိန်းက ၅၀ကျော် သူက ၃၃ နှစ်ဆိုပေမယ့် ယှဥ်ပြောခံလိုက်ရတာမို့သူ့အသက် က ဦးသိန်းနှင့် တန်းတူဖြစ်သွားသလိုပင်ခံစားရသည်...
"အပေါ်ထပ်မှာ အခန်း ၃ခန်းရှိတယ်
မင်းအခန်းက တံခါးကို အပန်းရောင်သုတ်ထားတယ်""ဦးလင်း နဲ့ တစ်ခန်းတည်း အတူတူမနေရဘူးလား"
"အဟွတ်ဟွတ် ...အဟွတ်"
သောက်လက်စ ကော်ဖီတောင် သီးသွားသည်...
"မနေဘူး.... မင်းအခန်းနဲ့မင်းနေရမှာ...
အတူတူရတာ ကျဥ်းကြပ်တယ်"တကယ်တော့ သူနှင့် ဂျူးဂျူးကြားကို စည်းထားလိုက်ခြင်းပင်...
တကယ်မချစ်ဘဲ ကလေးမ ဘဝကိုတော့ သူအပိုင်မယူချင်...
အတူတူနေရင် မဖြစ်သင့်တာတွေဖြစ်လာမှာစိုးတာကြောင့်...အတတ်နိုင်ဆုံး ကြိုတားထားခြင်းဖြစ်သည်.."ဂျူးဂျူး... ညကျရင် ငါ ဇန်လင်းဆီသွားမလို့
အိမ်ပြန်နောက်ကျမယ် တစ်ယောက်တည်း အိမ်မှာနေရဲလား"
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞