အချစ်လှိုင်း💗🌺
အတွဲ(၂)အပိုင်း(၃၅)
"ဟယ် ဘယ်လိုကြီးဖြစ်လာတာတုန်း"
ဆံပင်သွားညှပ်ဖို့ မမဆူး ကို လိုက်ကူခိုင်းဖို့တစ်ဖက်အိမ်ကိုလာတော့
မမဆူးမှာ သူ့ကိုမြင်တာနှင့် မျက်လုံးပြူးပြီး အံ့အားသင့်တော့သည်.."ဂျူးဂျူး ဆံပင်တွေ မရှိတော့ဘူးမမဆူး... အီး ဟီး"
ငိုယိုပြီး အိမ်ထဲဝင်သွားတာကြောင့် အိမ်မှာရှိတဲ့ သူတွေအကုန်
ဂျူးဂျူးကိုမြင်ပြီး ရီကြတော့သည်။
အန်တီလည်း သူ့ကိုမြင်တာနှင့် ဟားတိုက်ပြီးရီနေတာမို့
ဂျူးဂျူး ပို၍ပို၍ ငိုချင်လာတာကြောင့် ဦးလင်းအိမ်ဆီကိုသာ ပြန်ပြေးသွားလိုက်သည်။"အီး......ဟီး...."
"ဟာဗျာ...ဘာဖြစ်လာပြန်တာလဲ"
လှေကားရင်းကနေ ဂျူးကိုမြင်တာနှင့် သူအပြေးဆင်းလာကာ
အနားနားကိုသွားလိုက်လေသည်...
နှာခေါင်းတွေနီကာ မျက်ရည်မျက်ခွက်နှင့်အိမ်ပြန်လာတာမို့ တစ်ခုခုဖြစ်ခဲ့တာများလားလို့ လင်းအောင်စိတ်ပူနေမိတော့အမှန်.."ဘာဖြစ်တာလဲ ဂျူးဂျူး တစ်ခုခုဖြစ်လို့လား "
"ဂျူးဂျူး ကို ...ရီစားကြတာ....အီး...ဟီး....""
"ဘယ်သူလဲ ဘယ်သူရီစားတာလဲ"
"ဟိုဖက်အိမ်ကတွေ"
လက်စသတ်တော့ ဟိုဖက်အိမ်ကိုသွားလိုက်တာကိုး..
သူများတွေရီစားလာတယ် ဆိုမှ ဂျူးဂျူးကိုသူသေချာကြည့်မိတော့သည်။T-shirt အပွကြီးကိုဝတ်ထားပြီးအပေါ်က ဂျင်းအင်္ကျီအကြီးကြီးကိုထပ်ထားကာ ဒူးအပေါ်လောက်ရှိတဲ့ဘောင်းဘီ ကိုဝတ်ထားရုံတင်မက
ဆံပင်ပုံစံက ရှည်လိုက်တိုလိုက်မို့ တကယ့်ကို ရီချင်စရာကောင်းလှသည်။"ခစ်..."
လွှတ်ထွက်ပြီးရီလိုက်မိတာမို့ ဂျူးဂျူးကိုကြည့်တော့
သူ့ကိုစိုက်ကြည့်ပြီး မျက်နှာရှုံ့မဲ့ရှုံ့မဲ့ဖြင့် ငိုယိုကာ
လှည့်ထွက်သွားတော့မှာမို့ သူလှမ်းဆွဲထားလိုက်သည်။"ကိုမှားတာ...ကို တောင်းပန်တယ်နော်..."
"လွှတ်...."
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞