Chapter - 17

1.2K 35 0
                                    

အချစ်လှိုင်း💗🌺
အတွဲ(၂)

အပိုင်း(၁၇)

"အား ခေါင်းကိုက်လိုက်တာ"

နိုးလာတာနှင့် ကိုက်ခဲလှသည့်ခေါင်းကြောင့်
ဂျူးမျက်လုံးပင်မဖွင့်နိုင်... ထထိုင်လိုက်ပြီး ခေါင်းကိုသာနှိပ်နေမိတော့သည်...ထိုစဥ်ရုတ်တရက်ဝင်လာသော အတွေးတစ်ခု...

ဦးလင်း...ဦးလင်း ကို ကိုက်လိုက်တာတဲ့လား...
မဖြစ်နိုင်တာ...
ဘာလို့ မှတ်ဉာဏ်က ၂ခုဖြစ်နေရတာလဲ
မနေ့က မှတ်ဉာဏ်တင်မက ဟိုးတလောက သူရှာလို့မရခဲ့တဲ့မှတ်ဉာဏ်ကိုပါ အမှတ်ရသွားခဲ့တာမို့ ဦးလင်းကို ဘယ်လိုမျက်နှာပြရမယ်ဆိုတာ
သူစဥ်းစားမရတော့ဘဲ ဆံပင်တွေကိုဖွပစ်ပြီး ကုတင်ပေါ်မှာတစ်ယောက်တည်း ပျာယာခတ်နေမိတော့သည်....

ရေချိုးပြီး အလှပြင်ကာ ဝတ်စားပြီး ဆင်းလာတော့
ဦးလင်းက ဧည့်ခန်းထဲမှာရှိနေမယ်ထင်ထားခဲ့တာ မရှိပေ...
ထမင်းစားခန်းထဲသွားလိုက်မှ ဆေးစာအုပ်အထူကြီးကိုဖတ်ရင်း
မနက်စာစားနေတဲ့ ဦးလင်းကိုတွေ့တော့မှ သူ့ခြေလှမ်းတွေတုံ့ဆိုင်းသွားလေသည်...
ဘယ်လိုဘဲဖြစ်ဖြစ် ဒီအိမ်မှာ သူနှင့် ဦးလင်းဘဲရှိတာမို့
တွေ့ကိုတွေ့ကြရမှာဘဲလေ...မတတ်နိုင်တော့တာမို့ ဦးလင်းဘေးက
ခုံမှာဝင်ထိုင်လိုက်ပြီး မနက်စာဝင်စားနေလိုက်သည်...

"ခေါင်းကိုက်နေတယ်မလား သံပုရာဖျော်ရည်ဖျော်ထားတယ်
သောက်လိုက်ဦး"

စားပွဲဝိုင်းကနေ ထသွားပြီး အသင့်ဖျော်ထားပြီးသား
သံပုရာရည်ခွက်ကို ကမ်းပေးလာတဲ့ ဦးလင်းကို ဂျူးမော့ကြည့်လိုက်မိသည်... လည်ပင်းမှာသူကိုက်ထားသည့် အရာကြီးက ထင်းလျက်...
အနာတောင်ဖြစ်နေသေးသည်...

သံပုရာဖျော်ရည်ကိုလှမ်းယူလိုက်ပြီး ခေါင်းကို မဖော်မိအောင် ငုံ့ထားလိုက်သည်...မမြင်ရသည့်မုန့်ကိုစမ်းတဝါးဝါးဖြင့် လှမ်းယူတော့ ဦးလင်းက သူစမ်းနေသည့်နေရာသို့ မုန့်ပန်းကန်ကို တွန်းပေးခဲ့လေသည်...
"ဂျူးဂျူး...ငါ့ကိုကြည့်ခဲ့ဦး"

နေရခက်နေပါတယ်ဆို ကြည့်ခဲ့ဦး ဆိုတော့.. ဘယ်လိုကြည့်ရမှာလဲ..
မကြည့်ရဲကြည့်ရဲဖြင့် သူလှမ်းကြည့်လိုက်တော့...

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now