အချစ်လှိုင်း 💗🌺
အတွဲ (၂)အပိုင်း(၁၀)
ခေါင်းကိုက်ခြင်းနဲ့အတူ ဂျူးဂျူး မနက်ခင်းကို စတင်ပါတယ်...
ဝိုင်သောက်တာလဲ ခေါင်းကတော့ ကိုက်တာပါဘဲ...
မျက်လုံးကို အတင်းဖွင့်ကြည့်တော့ သူရောက်နေတာ ရင်ခွင်ကျယ်ကြီးတစ်ခုမှာ...
ကိုယ်နံ့ သင်းသင်းလေးတစ်ခုကိုရတာနှင့် မော့ကြည့်လိုက်တော့..."ဦးလင်း"
Shirt အဖြူကို ကြယ်သီး ၄ဆင့်လောက်အထိ ဖွင့်ထားတာမို့
ရင်ဘတ်ကြီးကိုမြင်နေရလေသည် ပြီးတော့ ဂျူးက အဲ့ရင်ခွင်ထဲရောက်နေတာတဲ့လား...
ဦးလင်းရဲ့ လက်ကလဲ သူ့ခါးပေါ်မှာ...
ဂျူးဂျူး ခေါင်းဦး ထားတာက ဦးလင်းရဲ့ လက်မောင်းပေါ်...
ညတုန်းက ဘာတွေဖြစ်ကြသေးတာလဲ ဂျူးမမှတ်မိ...
ခါတိုင်းဆို အကုန်မှတ်မိပါလျက်နဲ့..."နိုးရင်လည်း ထတော့...
ငါ့လက်နာနေပြီ"သြရှနေသော ဦးလင်းရဲ့အသံကြောင့် ဂျူးခန္ဓာကိုယ်လေးပင်
ကျုံ့သွားရသည်...တကယ်ရှက်လွန်းလို့ အငွေ့သာဖြစ်လိုက်ချင်တော့တယ်...."ထမှာပါနော်.... ဂျူးလည်း အိပ်ချင်လို့ အိပ်နေတာမဟုတ်ပါဘူး"
အိပ်နေရာကနေ ထလိုက်ပြီး ရန်တွေ့လိုက်မှ ဦးလင်း မျက်လုံးဖွင့်လိုက်ကာ အိပ်နေရင်းကနေ သူ့ကိုကြည့်ခဲ့ပြီး...
"နောက်ဆို အရက်မသောက်စမ်းနဲ့ကွာ
ဝိုင်လည်းမသောက်နဲ့... ""ဘာလို့လဲ ဂျူးဂျူးသောက်ချင်ရင်သောက်မှာဘဲလေ"
"ကျစ်... မင်းကွာ ပြောရခက်လိုက်တာ...
ငါပြောတာနားထောင်စမ်းပါ အရက်သောက်တိုင်းကောင်းတာမှမဟုတ်
အခု မင်းအရက်သောက်လို့ ငါနဲ့...."စကားကိုရပ်လိုက်တာမို့ ဂျူးဂျူး မျက်လုံးလေးပြူးကြည့်ကာ..
"ဘာလဲ ဦးလင်းနဲ့ ဘာဖြစ်လို့လဲ"
"မင်းအရက်သောက်လို့ ငါနဲ့ရန်ဖြစ်ခဲ့တာ လို့ပြောတာ
မင်းမမှတ်မိဘူးလား"ဂျူး မနေ့ညက မှတ်ဉာဏ်တွေလိုက်ရှာနေမိသည်
ဘယ်လောက်တွေးတွေး ပေါ်မလာပေ..."ဘယ်လိုရန်ဖြစ်တာလဲ ဂျူးကိုပြောပြလေ"
"မပြောချင်တော့ဘူး...တော်ပြီ... မျက်နှာသွားသစ်တော့"
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞