အချစ်လှိုင်း 💗🌺
အတွဲ(၂)အပိုင်း(၁၅)
"ဂျူးရယ် မငိုပါနဲ့နော့ နင့်မျက်နှာကြီး အစ်ထနေပြီ
မျက်လုံးတွေလည်းဖောင်းနေရောဘဲ""အဟင့်ဟင့် ဟင့်ဟင့်....ဟင်း.....ဟင့်ဟင့်"
ကိုလင်းနှင့်ပြဿနာဖြစ်လာတယ် ဆိုပြီး
ပြောပြောပြီးငိုနေတဲ့ ဂျူးဂျူးကိုကြည့်ကာဆူး စိတ်ပင်မကောင်း...
အစကတည်းက အငိုသန်တဲ့ သူမို့ အချစ်နဲ့ပတ်သက်ရင်
အတွေ့အကြုံလည်းမရှိတဲ့ သူမို့ ခံနိုင်ရည်မရှိဘူးဆိုတာ ဆူးသိပါသည်...
တကယ်တော့ ကိုလင်းရှင်းပြပေမယ့် ဂျူးက နားမထောင်ခဲ့တာမလား.."ဦးလင်းက ဘာမှမသိဘူး
ဂျူးရဲ့ ခံစားချက်ကိုလည်းမသိဘူး
ဂျူး ချစ်နေတာကိုလည်း သူမရိပ်မိဘူး...
သူ ချစ်တာ ဂျူးကိုမှမဟုတ်တာ သူဘယ်သိပါ့မလဲ...
အဟင့်ဟင့်....ဟင့်ဟင့်....ဟင့်ဟင့်""ကဲပါ ဂျူးရယ် အထင်လွဲတာလို့ ကိုလင်းပြောပြီးပြီရော
နင်က သေချာနားထောင်ခဲ့ရမှာလေ..."ဆူလိုက်တော့ သူ့ကိုမော့ကြည့်ခဲ့ကာ...
"မဆူး ကိုထက်ကိုရော အဲ့အမနဲ့ သဝန်တိုခဲ့ဖူးတယ်မလား
ကိုထက်နဲ့ ကြိုက်ခဲ့ဖူးတဲ့အဲ့အမကိုရော မဆူးကြည့်လို့ရလား..."ဆူးမှာဖြေဖို့အဖြေမရှိပါ...
တကယ်တော့ ဘယ်သူဘဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ သူကိုဆိုရင်
ကိုယ်မှတစ်ပါး တခြားမိန်းကလေးနဲ့ အတူတူမရှိစေချင်ဘူးမလား..."မဆူး ကိုယ်ချင်းမစာမနာမပြောနဲ့
ဂျူးဂျူးက ရည်းစားမထားဖူးပေမယ့် သိတယ်....
ဦးလင်းက ဂျူးဂျူးကို သူငယ်နှပ်စားလေးဆိုပြီး ဂျူးဂျုးကို ကစားဖို့လုပ်နေတာ....အဟင့်ဟင့်"ပြောလိုက်ငိုလိုက် နှပ်ရည်တွေသုပ်လိုက်နှင့် ပြောနေတဲ့ ဂျူးဂျူးကိုကြည့်ပြီး ဆူး ဘာမှမပြောတတ်တော့...
"ကစားစရာလား ဟိုက နင့်ယောက်ျားလေ
နင့်ယောက်ျားက နင့်ကို ကစားပါ့မလား
ကစားချင်ရင် ဟိုက အမကိုဘဲ ကစားချင်ကစားမှာပ""အဟင့်ဟင့်.....အဟင့်ဟင့်...."
သူပြောပြီးတာနှင့် အသကုန်ငိုတော့တာမှာမို့
ဆူး ပါးစပ်ပိတ်နေလိုက်ကာ ဘေးကနေ တစ်ရှူးတစ်ခုပြီးတစ်ခုပေး၍သာနေနေလိုက်တော့သည်...
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romansအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞