အချစ်လှိုင်း 💗🌺
အတွဲ (၂)အပိုင်း (၉)
လင်းအောင်ပွဲပြီးမှသာ အိမ်ပြန်လာရတော့သည်..
ဂျူးဂျူးကဆူးတို့နှင့် အတူတူပြန်လိုက်လာခဲ့တာမို့
သူ့အတွက် ဝန်တစ်ခုပေါ့သည်...အိမ်ထဲဝင်လာတော့.. ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ ဂျူးဂျူးနှင့်
သူ့ မိဘ တွေ ...."သားကြီး ပြန်လာပြီလား...
အခုက ၁၁နာရီထိုးနေပြီဆိုတော့ မင်း ဒီနေ့ဘဲ ဟိုဖက်အိမ်ဖက်ကိုပြောင်းမှာလား ဒါမှမဟုတ် ဒီအိမ်မှာဘဲ နားမှာလား"လင်းအောင်.. ဂျူးဂျူးဘေးနားဝင်ထိုင်လိုက်ပြီး..
မျက်လုံးစုံမှိတ်ကာ... သက်ပြင်းရှည်ကြီးချမိသည်..."ဟိတ်ကောင် မေးနေတာဖြေဦးကွ"
"ဂျူးဂျူးကိုဘဲ မေးလိုက်တော့ ဒယ်ဒီ
ကျွန်တော်က တော့ ပင်ပန်းတာဘဲသိတယ်""အခုကတည်းက ပင်ပန်းနေရင် မင်းဒီညပြီးရင်
မနက်ဖြန်ကျ ဖျားသွားမယ်ထင်တယ်နော့"ဒယ်ဒီ့စကားကြောင့် လှဲနေရင်းကနေ ထလိုက်ကာ...
ဂျူးဂျူးနားကို ပိတ်လိုက်ပေမယ့် အချိန်မမှီလိုက်..."ဒယ်ဒီရာ ကလေးရှေ့မှာ ဘာလို့ အဲ့တာတွေ ပြောရတာလဲ"
"ဟ.. ငါဘာပြောလို့လဲ မင်းပင်ပန်းလို့ဖျားသွားမယ်ထင်တယ်လို့ပြောတာလေ"
ဂျူးဂျူးနားကို အုပ်ထားသည့် သူ့လက်ကိုမဖယ်သေးဘဲနှင့်...
"မပြောနဲ့ဗျာ... ကလေးရှိနေတာကို..."
"အဲ့ကလေးက ဦးလင်းရဲ့ မိန်းမနော်"
"ကြားရတာလား"
ဂျူးဂျူး ပြုံးရင်းဖြင့် ခေါင်းငြိမ့်ပြလိုက်သည်..
ထိုအခါမှ ဦးလင်း လက်ကိုဖယ်လိုက်ကာ.. ဆိုဖာပေါ် မှီပြီးနေထားလေသည်...."သမီး ဒီနေ့ ဘယ်မှာနားမှာလဲ"
"ဒီအိမ်မှာဘဲ နားလိုက်တော့မယ် အန်ကယ်
ဦးလင်းကို ကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပေါ်တယ်
ခရီးဆက်သွားရဦးမယ်ဆိုရင် ဦးလင်း ငိုတော့မှာ..""ဟ!! ငါမငိုပါဘူးကွ... ပြီးတော့ ခရီးသွားစရာလည်းမလိုပါဘူး
မင်းနဲ့ငါနဲ့နေမဲ့ အိမ်က ဘေးခြံကလေ"
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞