အချစ်လှိုင်း💗🌺
အတွဲ (၂)အပိုင်း (၁၃)
"ဂျူး ဦးလင်းကို ချစ်နေပြီ မဆူး"
"အဟွတ်ဟွတ်....ဟွတ်"
ဂျူးဂျူးစကားကြောင့် ဆူး ဖျော်ရည်ပင်သီးရလောက်သည်အထိဖြစ်သွားရလေသည်..ဂျူးဂျူးကိုကြည့်လိုက်တော့ ပြုံးဖြီးနေသည်
"ဘယ်လိုလုပ်ချစ်သွားတာလဲ"
"အဲ့တာတော့ ဘယ်လိုလုပ်သိမှာလဲမဆူးကလဲ"
"မယူခင် ကအထိတောင် မကြိုက်ဘူး မချစ်ဘူးအတင်းငြင်းနေရင်းကနေ အခုယူပြီး ၂ရက်ဘဲရှိသေးတယ် ဘယ်လိုဖြစ်ပြီး ချစ်သွားတာလဲ"
"ဦးလင်းက အရမ်းသဘောကောင်းတာ မဆူး
ဂျူးဂျူးကိုရော အရမ်းဂရုစိုက်တာ...ဦးလင်းလည်း ဂျူးကိုချစ်နေပြီလားမသိဘူး"ကော်ဖီခွက်ကိုကိုင်ကာ ပြုံးစိစိဖြင့် ပြောနေတဲ့ ဂျူးဂျူးကိုကြည့်ပြီး
အချစ်ထဲ တကယ်နစ်ဝင်နေတာမှန်း ဆူး သိလိုက်သည်...
ဂျူးဂျူးအရင် ကနှင့် မတူတော့..."အဲ့တော့ ကိုလင်း နင့်ကိုပြန်ချစ်လာအောင် ဘယ်လိုလုပ်မယ်စဥ်းစားထားလဲ"
"ဂျူးဂျူးမှာ နည်းလမ်းတွေရှိပါတယ် မဆူးရ"
"အယ်... ရည်းစားလည်းမထားဖူးဘဲနဲ့ နည်းလမ်းတွေဘယ်ကရတုန်း"
"ဝတ္ထုတွေဖတ်တယ်...ဇာတ်ကားတွေကြည့်တယ်လေ
ဂျူးဂျူး အဲ့ကနေ နည်းလမ်းယူမှာ""ဟုတ်ပါပြီရှင် အလုပ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်"
"ဟိဟိ.. ဒါနဲ့ သုသုရော"
"သူ့အဖေနဲ့ အပြင်သွားလိုက်ကြတယ်..."
"မဆူးတို့ကရော ဘယ်တော့ပြန်မှာလဲဟင်"
"သုသုတို့ကျောင်းကလဲ ၁လ ပိတ်ထားတယ်
မဆူးကလဲ ကျောင်း တစ်ဖြတ်ပိတ်ထားတယ်
ကိုထက်ကလဲ ခွင့်တစ်လယူခဲ့တယ် အဲ့ဒီတော့ တစ်လလောက်နေလို့ရတယ် ဂျူးဂျူး""တော်ပါသေးရဲ့ အဲ့တာဆို ဂျူးဂျူး ဦးလင်းကိုလိုက်တဲ့နည်းတွေကို မဆူးတို့မြင်ရဦးမှာပေါ့.... တစ်လအတွင်း ဂျူး ဦးလင်းကိုရအောင်လိုက်မယ် ကြည့်ထား"
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞