Chapter - 14

1.2K 35 0
                                    

အချစ်လှိုင်း 💗🌺
အတွဲ (၂)

အပိုင်း(၁၄)

"ဒေါက်တာ..."

"ဗျ"

"အာရုံကြောလူနာ မသဇင်ထက်ကိုလေ
flumazenil ဆေးထိုးလိုက်ရမလားရှင့်"

"ဦးနှောက်ကိုစစ်ဆေးကြည့်ပြီးပြီလား"

"အခုထိတော့ မစစ်ဆေးရသေးပါဘူး ဒေါက်တာ"

"ဒါဆို Flumazenil ဆေး ထိုးပြီး
အသိစိတ်ရှိလားဆိုတာ စစ်ဆေးပြီး
တကယ်လို့ အသိစိတ်မရှိဘူးဆိုရင် brain imaging study လုပ်လိုက်"

"ဟုတ်ကဲ့ရှင့် ဒေါက်တာ"

အခုနဲ့ဆို သူ့ဆီကို လူနာအကြောင်းလာမေးတာတွေက ဆက်တိုက်မို့ရုံးခန်းထဲမှာ ထိုင်မနေတော့ဘဲ အရေးပေါ်ဌာနကိုသွားကာ ရပ်တည်ရပ်တည်ဖြင့် အခြေအနေတွေကို စောင့်ကြည့်နေလိုက်သည်...

အလုပ်သင် ကလေးတွေရယ် ဘွဲ့လွန်ဆရာဝန်တွေ အများကြီးရှိပေမယ့် အကုန်လုံးပင်ပန်းနေကြတဲ့ သူတွေချည်းသာပင်...
ဆရာဝန်ကြီးတွေကလဲ အလုံအလောက်ရှိသည် သို့သော် မအားကြ...

*L HOSPITAL* က ဆေးရုံကြီးလည်းဖြစ်ပြီး  Main လမ်းနှင့်နီးတာမို့ ကားအက်စီးဒန့်တို့ ဆိုရင် သူ့ဆေးရုံဆီကိုသာ ရောက်လာများသည်...

"ဒေါက်တာ... ဖုန်း​ကော လက်ခံပေးပါဦးရှင့်"

အရေးပေါ်ဖုန်းမို့ သူ လှမ်းယူလိုက်ကာ..

"ပြောပါခင်ဗျ"

"အသက် ၃၆ နှစ်အရွယ် အမျိုးသားသွေးကြောပိတ်ပြီး သတိလွတ်နေတယ် သွေးပေါင်ချိန်က ၈၀/၅၀ ပါ
နှလုံးခုန်နှုန်း က ၁၂၀ ဖြစ်ပြီး အသက်ရှုနှုန်းက ၃၀ကျော်
အပူချိန် ၃၇.၆ ဒီဂရီ ရှိပါတယ် ရင်ဘက်နာတာက ပြင်းထန်နေတယ် ဒေါက်တာ ...
တဖြည်းဖြည်း သွေးပေါင်ကျနေလို့ အရေးပေါ်အခြေအနေပါ
အဲ့တာ *L HOSPITAL* ကို ခေါ်လာလို့ အဆင်ပြေမလားသိချင်ပါတယ်"

အရေးပေါ်ကယ်ဆယ်ရေးသမားပြောတာတွေကို သူသေချာနားထောင်ကြည့်ပြီး အခြေအနေကို မြန်မြန်သုံးသပ်လိုက်ကာ...

"အခု ရောက်နေတဲ့နေရာကနေ ဒီ ဆေးရုံကိုလာရင် ဘယ်လောက်ကြာနိုင်သလဲ"

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now