Chapter - 37

1.6K 28 0
                                    

အချစ်လှိုင်း💗🌺
အတွ​ဲ(၂)

အပိုင်း(၃၇)

လင်းအောင်အိမ်ကိုပြန်လာတော့လည်းဂျူးဂျူးကအိမ်မှာမရှိ...
ဧည့်ခန်းထဲမှာသာ ထိုင်စောင့်နေလိုက်ပြီးနေလိုက်တော့သည်။
တကယ်တော့ ဂျူးဂျူး မမှတ်မိတာကို သူစိတ်ဆိုးပေမယ့်
ဒီလောက်လေးနဲ့ ပြဿနာမဖြစ်ချင်တာကြောင့် ရပ်တန်းကရပ်လိုက်ဖို့ဆုံးဖြတ်လိုက်ခြင်းပင်။

ပြန်လာပါပြီ ဘုရင်မကြီး...
မျက်နှာက ဆူပုတ်ဆူပုတ်နှင့် မို့ သူဘဲချော့ရတော့မည့်ပုံပေါ်သည်။

သူ့အနားနားကိုလာထိုင်ကာ...လက်မောင်းကိုဖက်ထားပြီး...

"ဦးလင်း..."

"ဗျ"

"ဂျူးဂျူးတောင်းပန်တယ်နော်"

အသံသေးသေးလေးနှင့် လာပြောနေတာမို့ သူအသည်းယားမိတာတော့အမှန်။
သူပြန်ဖက်လိုက်ပြီး..

"ရပါတယ် ကိုလည်း မေ့တတ်တဲ့အချိန်တွေရှိတာဘဲ
ဂျူးဂျူးလည်းရုတ်တရက်မို့သတိမထားမိလိုက်တာပါ ဟုတ်တယ်မလား"

မွ....

ပါးကို ရုတ်တရက်အာဘွားပေးပြီး သူ့ပုခုံးပေါ် မေးတင်ကာ
သူ့ကိုသေချာကြည့်နေမှန်းသိတာမို့။

"ဘာလို့ အဲ့လောက်ထိကြည့်နေရတာလဲ
ကိုက ရှက်တတ်တယ်နော် "

"ဟားဟား... ဦးလင်း အရမ်းနောက်တာဘဲ"

အားရပါးရကြီးရယ်မောကာ ပြောနေပြန်တဲ့ ဂျူးဂျူးက ပိုပိုပြီးချစ်စရာကောင်းနေပြန်ရော။
နဖူးကိုအနမ်းလေးပေးလိုက်တော့..

"နာတယ် ဦးလင်း"

"ဟာ! အာဘွားပေးတာ နာလို့လား ကို ဖွဖွလေး နမ်းလိုက်တာလေ"

"မဟုတ်ဘူး ဒီနားက နာတာ.."

ဆိုပြီး အင်္ကျီစလေးကို မ, ပြတော့ ခါးရင်းနားမှာ
သူတို့ရဲ့ Wedding date လေး....
ဖူးပြီး နီရဲနေတာမို့ အခုလေးတင် တက်တူးသွားထိုးမှန်းသိသာသည်

"ဟာ .... ဂျူးဂျူး... ဘာလို့ အဲ့လိုလုပ်ရတာလဲ
နာနေတော့မှာဘဲ... ကလေးရယ်....."

တက်တူးကိုစိုက်ကြည့်ပြီး စိုးရိမ်တကြီးနှင့်ပြောနေရှာတဲ့ ဦးလင်းရဲ့ မျက်နှာဟာ အံ့သြခြင်း ဝမ်းသာခြင်း ဝမ်းနည်းခြင်း စတဲ့ ခံစားချကိပေါင်းများစွာနှင့် ....

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now