Chapter - 36

1.1K 20 0
                                    

အချစ်လှိုင်း 💗🌺
အတွဲ (၂)

အပိုင်း(၃၆)

"အဟင့် ဟင့်"

"ဘာဖြစ်လာတာလဲ ပြောလေ ပြောမှ ငါကဘယ်လိုဖြေပေးရမလဲဆိုတာသိမှာလေ ဂျူးရာ
နင် ဟိုအိမ်ကူး ဒီအိမ်ကူး နဲ့ ငိုနေတာနဲ့တင် ငါစိတ်ပျက်တယ်
ကိုလင်း စိတ်ပျက်တယ်လို့ပြောရင် ငါယုံမှာသိလား"

အိမ်လာပြီး ငိုယိုနေတာမို့ ဆူး တကယ်စိတ်မရှည်တော့
အန်တီတို့က ဘာမှမပြောပေမယ့် အခုလို လာလာငိုနေတာကိုတော့ ဆူး တကယ်သ​ဘောမကျ...

"မဆူး ဘာသိလို့လဲ မဆူးတို့ရဲ့ကိုလင်းဆိုတဲ့ သူက
သူ့ရည်းစားဦးရဲ့ မွေးနေ့လား ဒါမှမဟုတ်စကြိုက်တဲ့ရက်လားမသိဘူး
သူ့ခါးရင်းမှာ တက်တူးထိုးထားထားတာ သိလား ဟင့် "

"ဟုတ်လို့လား ဂျူးရယ် အဲ့တာ ကိုလင်းရ​ဲ့မွေးနေ့လည်း ဖြစ်နိုင်တာဘဲဟာ"

"ဖြစ်စရာလား ဂျူးသိတာပေါ့ သူ့မွေးနေ့ကို
အသည်းပုံလေးတောင်ပါသေးတယ် မဆူး ​ရဲ့..."

တစ်ရှုံ့ရှုံ့ ငိုရင်းပြောနေတာမို့ ဆူး ဘာမှမတတ်နိုင်တော့..

"ဘယ်နေ့တဲ့လဲ Date က"

"5.5.2023 တဲ့ အဲ့ date အောက်မှာ အသည်းပုံက ပါသေးတယ်"

"အားလေ...... ဂျူးဂျူး နင် ဟာလေ....."

ဖတ်...

"အာ့ နာတယ် မဆူး"

လက်မောင်းကို အတင်းရိုက်ခဲ့တာမို့ စပ်ဖြင်းဖြင်းတောင်ဖြစ်သွားရလေသည်။

"နင်ဟာလေ တစ်ခုခုဆို သေချာမစဥ်းစားဘဲ
ထင်ချင်ရာထင်ပြီး အဲ့မျက်ရည်က ကျကျလာတာ
ငါ တကယ်စိတ်ပိန်တယ်သိလား...
ကိုလင်း သနားပါတယ်"

"ဘာလို့လဲ... မဆူး က ဘာလို့ သူ့ကိုသနားရမှာလဲ"

"အဲ့တာ နင်တို့ wedding day နေ့လေ... မမှတ်မိဘူးလား
ပြောတော့ နင့်ဦးလင်းနဲ့ပတ်သက်တာမှန်သမျှ နင်သိတယ်ဆို
နင့် wedding day ကျတော့မမှတ်မိဘူးတဲ့လား"

မဆူးပြောတော့ မှသူ သေချာစဥ်းစားမိတော့သည်။
ဟုတ်သားဘဲ သူနဲ့ ဦးလင်း မင်္ဂလာဆောင်တဲ့နေ့...
အဲ့တာကြောင့် ဦးလင်း သူ့ကို ကြည့်နေခဲ့တဲ့ အကြည့်တွေက အံ့သြခြင်းအပြည့်နဲ့ ဖြစ်နေခဲ့တာကိုး...

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now