Chapter - 38🚨🚨

3K 28 0
                                    

တအချစ်လှိုင်း💗🌺
အတွဲ (၂)

အပိုင်း(၃၈)

"ဂျူး...နေကောင်းလား"

"နေကောင်းတာပေါ့ ဇန်ရယ်
နင်ရော အဲ့မှာ အစစအရာရာအဆင်ပြေလား"

video call ပြောနေတဲ့ဂျူးရဲ့ရှေ့မှာ သူ့ယောက်ျား ဖြစ်တဲ့ လင်းအောင်ငုတ်တုတ်ထိုင်နေပေမယ့်လည်း ဂျူးက ဂရုစိုက်သည့်ပုံမပေါ်ပါ။
မပြောပါနဲ့ဆိုပြီး ပြောလိုက်ချင်ပေမယ့် ဂျူးဂျူးပျောက်သွားတုန်းက
ဂျူးဂျူးရှိတဲ့နေရာကို ပြောပြခဲ့တဲ့ သူမို့ သူဘာမှမပြောဖြစ်ခြင်းပင်.

"အဆင်​တော့ပြေပါတယ် နင်မရှိတော့ နည်းနည်းတော့ပျင်းတာပေါ့"

"အမလေး အဲ့မှာ ကောင်မလေးတစ်ယောက်လောက်ရှာပြီးလည်ပစ်လိုက်စမ်းပါဟယ် ငါ့ကိုတောင်သတိရတော့မှာမဟုတ်ဘူး"

သတိရစရာကိုမလိုတာ ဆိုပြီးပြောချင်တာ ပါးစပ်ကိုယားနေရောဘဲ...

"ဟားဟား.. ဒီကမိန်းကလေးတွေက ငါ့အကြိုက်မှမဟုတ်တာ"

"သြော့်..နင့်အကြိုက်ဆိုလို့ပြောရဦးမယ်
နင့်ကို အရင်နှစ်စတုန်းက နင့်နောက်တကောက်ကောက်လိုက်ပြီး
နင့်ကိုသဘောကျလို့ဆိုပြီးပြောပြောနေတဲ့ ကောင်မလေးလေ နင်မှတ်မိသေးလား"

အဲ့လိုအသေးစိတ်မှတ်မိစရာလိုလို့လားဂျူးဂျူးရယ်...
သြော် ဒေါသ ဒေါသ ထိန်းထိန်း လင်းအောင်ရေ...
သူ့ဒေါသ ကိုဂျူးဂျူးမြင်လို့မဖြစ်...

"မှတ်မိတယ်လေ ဘာဖြစ်လို့လဲ အဲ့ကောင်မလေးက"

"ငါ့ကော်ဖီဆိုင်မှာ အလုပ်လာလုပ်တယ်
ကော်ဖီဖျော်တဲ့သူ နောက်တစ်နည်း​ပြောရရင် နင့်နေရာကိုဝင်တာကွာ"

"ဟုတ်လား သူက အဲ့လိုလုပ်တတ်လို့လား"

"လုပ်တတ်တယ် ငါ သူ့အလုပ်လျှောက်လွှာဖောင်ထဲကြည့်တော့
နင်တက်ခဲ့တဲ့ Uk က သင်တန်းတွေနဲ့ အကုန်တူနေတာပါဆို
နင့်နောက်တကောက်ကောက်လိုက်နေခဲ့တာထင်တယ်"

"မဖြစ်နိုင်တာ တိုက်ဆိုင်တာဘဲဖြစ်မှာပါ"

အတင်းငြင်းနေတဲ့ ဇန်ကြောင့် ဂျူးသက်ပြင်းချလိုက်ကာ
ဘေးနားက မုန့်ဗူး ကို လှမ်းယူတော့ ...
ဦးလင်းက မုန့်ဗူးကိုထိန်းထားတာမို့ ဂျူးမျက်စောင်းထိုးလိုက်ပြီး..

အချစ်လှိုင်း အတွဲ(၂) (Completed)Where stories live. Discover now