အချစ်လှိုင်း💗🌺
အတွဲ(၂)အပိုင်း(၃၁)
တစ်လခန့်ကြာသော်....
တစ်ယောက်တည်းမအိပ်တတ်တဲ့ အကျင့်ကိုလည်းဖျောက်နိုင်ခဲ့လေပြီ
အရက်တွေလည်းမသောက်ဘဲနေနိုင်သွားပြီ
အရင်လို ဆိုးသွမ်းနေတဲ့ကောင်မလေးမဟုတ်တော့...
အကုန်လုံး ကို ပြုပြင်နိုင်ခဲ့ပေမယ့် ဦးလင်း ကိုသတိရတဲ့စိတ်တွေ ကိုတော့ ဖျောက်ဖျက်လို့မရခဲ့....မိုးအေးအေးနှင့် ကော်ဖီတစ်ခွက် ကိုအဖော်ပြုကာ အိမ်ထဲကနေမိုးရေစက် တွေကျလာနေတာကို ကြည့်နေရင်းနဲ့လဲ ဦးလင်း ကိုသတိရခဲ့ပြန်ရော...
ကလင်....ကလင်
စားပွဲခုံပေါ်က သူ့ရဲ့ဖုန်းမြည်လာကြောင့် သူခေါင်းထဲတွေးမိတဲ့သူဆိုလို့ သူအဆက်အသွယ်လုပ်တဲ့ တစ်ဦးတည်းသော ဇန်လင်း ကိုပင်...
ထင်သည့်အတိုင်း..."ဟယ်လို ဇန်လင်း ပြော"
"စိတ်အခြေအနေဘယ်လိုရှိလဲ ပြန်လာတော့မှာလား"
"စိတ်အခြေအနေကတော့ ကောင်းပါတယ်
ပြန်လာဖို့တော့ အစီအစဥ်မရှိသေးဘူး""နင် တကယ်ကြီး သူ့ကိုပစ်သွားတော့တာလား
မင်း သူ့ကိုမချစ်တော့တာ သေချာပြီလား""ဘာတွေလာမေးတာလဲ ဇန်ရ"
သူနဲ့ အဆက်အသွယ်လုပ်တဲ့ တစ်လျှောက် ဒီလိုမေးခွန်းမျိုးတစ်ခါမှ မမေးဖူးတာမို့ ဇန် ကိုပင် သူ သံသယဝင်ချင်လာလေသည်။
"နင် ငါရှိနေတဲ့နေရာကို တခြားသူတွေ ကို ပြောပြလိုက်ပြီလား"
"မပြောပါဘူး ဒါပေမယ့် ငါ မင်းကိုပြောပြစရာတော့ရှိတယ်
အခုတော့ မပြောတော့ဘူး မင်းလည်း သူ့ကိုမေ့ဖို့ကြိုးစားနေတာဘဲလေ ငါ ဖျက်လိုဖျက်စီးမလုပ်ချင်ပါဘူး"သေချာပြီ ဇန်လင်း ပြောမဲ့အကြောင်းက ဦးလင်း အကြောင်းဘဲ..
သူ့စိတ်ထဲ သိချင်စိတ်တွေ တဖွားဖွား ဖြင့်...
မသိချင်နဲ့ ဆိုပြီး ကိုယ့် ကိုယ်ကိုယ်ပြောနေပေမယ့် မထိန်းချုပ်နိုင်ခဲ့..."ဘာလဲ ပြော ဦးလင်းက ဘာဖြစ်လို့လဲ"
"နင် သူ့ကို....ချစ်နေတုန်းဘဲ ကိုး"
YOU ARE READING
အချစ်လှိုင်း အတွဲ(၂) (Completed)
Romanceအသက် ၁၀နှစ်ကွာတဲ့ ဦးနဲ့ ကလေး ဇာတ်လမ်းလေးပါ❤️ Warning🚨🔞