"ဟင့်...မုန်းတယ်...အင့်ကိုကို့ကိုအရမ်းမုန်းတယ်...."
အခန်းငယ်လေးတစ်ခုတွင် လူတစ်ယောက်ငိုရှိုက်နေသည်။ အတိကျပြောရလျှင် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်။ ညဘက်လက်တွင်ကိုင်ထားသော ဘလိတ်ဓားသေးသေးလေးကို ဘယ်ဘက် လက်သွေးကြော်စိမ်းများရှိသည့် လက်ကောက်ဝတ်ပေါ်တင်ထားပြီး လှီးဖြတ်နေသည်။ သွေးများကကြမ်းပြင်ပေါ်သို့တစ်စက်စက်ကျနေသည့်တိုင်အောင် သူ၏ မျက်ရည်မြားကလဲ အပြင်ကမိုးများနှငိ့အပြိုင်ကျနေသည်မှာမဆဲတော့ပေ။
"နောင်ဘဝဆိုတာများရှိခဲ့ရင်....ကိုကို့ကိုထပ်မတွေ့ပါရစေနဲ့....အကယ်၍များ ပြန်လည်မွေးဖွားခွင့်ရခဲ့ရင်လဲ ကိုကို့ကိုထပ်မချစ်ပါရစနေဲ့..."
ပြောပီးသည်နှင့် လဲကျသွားသောခန္ဓာကိုယ်က လက်မှကျနေသောသွေးအိုင်ငယ်လေးထဲတွင်။ ဝေဝါးလာသောအမြင်အာရုံနှငိ့အတူ လက်မှ ဒဏ်ရာကလဲတစ်ဆစ်ဆစ်နာကျင်နေသည်...ဘယ်ဟုတ်မလဲ...ရင်ထဲကဒဏ်ရာကပိုနာကျင်ရသည်ဘဲ။လဲနေသည့် ကောင်ကလေးကတော့မျက်လုံးများအလုံးစုံပိတ်သွားပြီး အသက်ရှုသံလေးသည်လဲ တဖြေးဖြေးနှေးကွေးကာ လုံးဝအသက်မရှုတော့ပေ။ ထိုကောင်လေးကတော့ "ချစ်ပန်းရုံ" ပင်။
အချစ်တွက်ပြန်လည်ရှင်သန်ခြင်း
ပန်းရုံမျက်လုံးများမှိတ်ထားသော်လည်းစူးရဲလှသည့် အလင်းရောင်ကြောင့် မျက်လုံးများကိုအတည်ပြုရန်ဖြေးညင်းစွာဖွင့်ကြည့်လိုက်တော့ အဖြူရောင်ကွင်းပြင်။ ဘာဆိုဘာမှမရှိသည့် ဗလာသက်သက်နှငိ့ အဖြူရောင်နေရာ အနောက်ကိုလှည့်ကြည့်တော့လဲ ဘယ်နေရာကအစမှန်းမသိအောင်ရှိနေသည့် အဖြူရောင်လွင်ပြင် ။ သူစဉ်းစားနေရင်း အဝါရောင်အလင်းတန်းသေးသေးလေးက သူ့ရှေ့မှာပေါ်ဘာသည်။"ပြန်လာခဲ့ပါရုံ...ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါ...ကိုယ်မင်းကိုစောင့်နေတာကြာလှပြီ....ကျေးဇူးပြုပြီး..."
ပန်းရုံအလင်းတန်းသေးသေးလေးမှ ထွက်ပေါ်လာသည့်အသံကိုအာရုံစိုက်ပြီးနားထောင်လိူက်သည်။ ဒါ ကိုကို့အသံလဲမဟုတ်ပေ...ဒါဆိုဘယ်သူကများသူ့ကိုပြန်လာစေချင်နေတာလဲ....ငါသေပြီးပြီမဟုတ်ဘူးလား...ဒါဆို...ဒါကကောဘယ်နေရာလဲ...။ စဉ်းစားနေရင်း အလင်းတန်းသေးသေးလေးကနေကြီးလာပြီး ပန်းရုံ၏ခန္ဓာကိုယ်ကိုဝါးမြိုသွားသည်ကြောင့်အလန်ံ့တကြားအော်လိုက်တော့သည်။
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်