ဝုန်း!
ကျယ်လောင်သောအသံနှင့်အတူ ကျိုးပြတ်သွားသည့် တံခါးကိုပိတ်ရန်ခံထားသော တုံးက အခန်းထဲသို့လွှင့်စင်လာသည်။ ဧက ထိုအသံကြောင့် လန့်သွားကာ ထလိုက်တော့ သူ၏ကိုယ်ပေါ်တွင် အကျီနှင့်တူတာ တစ်ခုတစ်လေမှရှိမနေ။ ေဘးတွင်ကြည့်လိုက်တော့ အိပ်ပျော်နေသော သူ့ရဲ့ကလေးလေး။ ကလေးလေး၏ လည်ပင်းတွင်လဲ အနီရောင်အမှတ်များမှာ ခရမ်းရောင်ဘက်သို့ပြောင်းနေပြီဖြစ်သည်။"ဧကရုံ!"
ဒေါသတကြီးအော်သံကြောင့်တံခါးဘက်ကိုလှည့်ကြည့်တော့ သူ၏ခမည်းတော် ပြီးနောက် အမတ်ကြီးသုရီ.. အမတ်ကြီးသုရီ၏သမီး သုပဒုမ္မာနှင့် အိမ်တော်ရှိအစေခံများတွေ့လိုက်ရသည်။ ခမည်းတော်ကတော့ ဒေါသကြောင့် မျက်နှာတွေပင်နီရဲနေကာ သုပဒုမ္မာကတော့ သူ့ဖခမည်းတော်၏ အကျီစကို ကိုင်ကာ ငိုနေလေရဲ့။
ဧကလဲ ကိုယ့်အဖြစ်ကိုကြည့်မအားဘဲ ဘေးမှ သူ့ရဲ့ရာဇ်ကိုလှုပ်နှိုးလိူက်သည်။ ဧကနှိုးလိုက်တော့ အိပ်ချင်မူးတူးဖြင့်ထလာပြီး တစ်ပြိုင်နက် ရာဇ်ရဲ့ နဂါးအမြှီးလေးကလဲ စောင်အောက်မှထွက်လာတာကြောင့် ဧကပို၍ပင်မျက်လုံးပြူးသွားရကာ တံခါးနားမှလူများပင် အာမေဋိတ်အသံများထွက်လာသည်။ ထိုအခါမှ ရာဇ်က မျက်လုံးလေးပြူးသွားကာ ဧက ကိုတစ်လှည့် တံခါးရှေ့မှလူများကိုတစ်လှည့်ကြည့်ပြီး ဧကရဲ့လက်မောင်းကိုအသာလှမ်းကိုင်သည်။"ဧကရုံ....မင်း...မင်း ဒါဘာတွေလဲဟမ်...ဟိုကောင်ကရော...မင်တို့အကျီတွေဘယ်ရောက်ကုန်တာလဲ.... "
ခမည်းတော်က ဒေါသတကြီးပြောတော့ ဧကလဲ ကြမ်းပြင်မှအကျီကိုယူကာ ဝတ်ယူလိုက်ပြီး ရာဇ်ကို စောင်လေးနှင့်အုပ်ထားပေးလိုက်ပြီး ခမည်းတော်နှင့်စကားပြောရန်ပြင်လိုက်သည်။
"ခ...ခမည်းတော်...သားတောင်းပန်ပါတယ်...အခု... အခုလိုတွေဖြစ်သွားပီဆိုတော့... သား သူ့ကိုတာဝန်ယူပေးမှရမယ်..."
"ဟင့်...ဖခမည်းတော်..."
သုပဒုမ္မာ၏အသံကြောင့် ဧကလဲ သူမကိုထပ်ဆင့်တောင်းပန်တော့...
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်