"မင်းမြင်လိုက်တယ်မလား..."
ဘာလဲဆိုသည့်အကြည့်နှင့်ရာဇ်ထိုလူ့ကိုကြည့်လိုက်ကာ....
"ဘာတွေလာပြောနေတာလဲ ကိုကျော်ဆန်း.... "
"ငါ...ငါဆေးလိပ်သောက်နေတာကိုပြောတာ...."
ကျော်ဆန်းအပြောကြောင့် ရာဇ်မျက်လုံးပင့်မိသွားကာ...
"အို့...ကျွန်တော်မြင်တာတော့ အိတ်ဖြူလေးကိုတစ်ဖက်လူဆီကယူလိုက်တာပါ....အိတိအဖြူဆိုတော့..."
ရာဇ်ဆက်မပြောဘဲ ရပ်နေတာကြောင့် ကျော်ဆန်း မျက်မှောင်ကြီးကြုံ့ကာ....
"မမြင်ချင်ယောင်ဆောင်လိုက်....ပြီးတော့ ဒါတွေက ကျောင်းသားဘဝ စမ်းကြည့်ချင်ကြတာဘဲလေ...."
ကျော်ဆန်း ထိုစကားတွေပြောနေမိပေမယ့် မျက်နှာအမူရာမပြောင်းတဲ့ရာဇ်ကိုကြည့်ကာ ဒေါသကထွက်လာရသည်။
"ကျစ်...မင်းနဲ့ဟိုအခြောက်ကောင်ပန်းရုံနဲ့က တော်တော် ဒုက္ခပေးကြတာဘဲ..."
ပန်းရုံကိုအခြောက်လို့ပြောလိုက်သည့်စကားကြောင့် ရာဇ် စိတ်ထဲဒေါသကတဟုန်ထိုး တိုးလာကာ ရှေ့က ကျော်ဆန်းရဲ့ အကျီကော်လန်ကိုဆွဲကာ.....
"မင်းကဘာမို့လို့ ပန်းရုံကိုပြောရတာလဲဟမ်...."
"အိုဟို...ဒေါသကကြီးလှချည်လား....ပန်းရုံကိုထိတော့ ဒီလိုဖြစ်ရတယ်ဆိုတော့ ဘာလဲ မင်းအဲ့အခြောက်ကောင်ကိုကြိုက်နေတာလား...."
ရာဇ်ဒေါသကို မနည်းထိန်းနေရပြီဖြစ်ကာ သူသရုပ်မှန်ကိုပေါ်မည်ဆိုးသည်ကြောင့် သွားကြားထဲကလေသံနှင့် ပြောလိုက်သည်။
"မင်း ထပ်ပြီးပြောနေမယ်ဆိုရင် ငါမင်းကို တစ်စဆီလုပ်ပစ်မိတော့မယ်...ငါ ပန်းရုံကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ...ဒါဟာငါနဲ့ဘဲဆိုင်တယ်...မင်းစောက်ပါးစပ်ကနေ ပန်းရုံဆိုတဲ့ဘနာမည်ထွက်ဖို့တောင်မတန်ဘူးသိရဲ့လား...."
ပြောပြီးသည်နှင့် ထွက်သွားဖို့အလုပ်.....
"ဟက်!ကာကွယ်ပေးလိုက်စမ်းပါ....မင်းရဲ့အဲ့ဒီပန်းရုံဆိုတဲ့အခြောက်ကို ငါ့အောက်ရအောင်ပို့ပြမယ်...."
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်