Extra

6.3K 237 3
                                    

              "သား..ခနလာအုံး..."

          မေမေခေါ်တာကြောင့် ပန်းရုံလဲ ကျောင်းမှအပြန်မနားရသေးဘဲ မေမေ့အခန်းထဲသို့တူတူဝင်သွားလိုက်သည်။

              "ဘာလို့လဲမေမေ..."

             မေမေ့ကုတင်ပေါ်ထိုင်ကာ မေးလိုက်တော့ မေမေလဲပန်းရုံနည်းတူဘေးနားကိုလာထိုင်သည်။

               "အင်း..ရာဇ်လေးမလာခင်ပြောချင်တာကွယ်...မင်းတို့လဲ အသက်ကတဖြည်းဖြည်းကြီးသွားတော့မှာ...မေမေက တစ်သက်လုံးမင်းတို့နဲ့မနေနိုင်ဘူး...အဲ့တော့ မေမေမသေခင်လေး မင်းတို့ကလေးတစ်​ယောက်မွေးစားတာဖြစ်ဖြစ်...အငှားကိုယ်ဝန်ဆောင်တွေလဲဒီခေတ်ကြီးမှာပေါနေတာဘဲကွယ်...အဲ့တာဘယ်လိုသဘေါရလဲ...."

                  မေမေ့စကားကိုနာထောင်ပြီးပန်းရုံတစ်ချက်တွေဝေမိသွားသည်။ ဟုတ်တော့လဲဟုတ်သည် သားသမီးဆိုတာ အိမ်ထောင်တစ်ခုရဲ့ဆည်းလည်းလေးဘဲမဟုတ်လား။ သို့ပေမယ့် ရာဇ်ကကောလက်ခံပါ့မလား။

                    "တစ်ချက်တိုင်ပင်ကြည့်ပါအုံးမယ်မေမေရယ်...ရာဇ်သဘောမပါဘဲ သားအတင်းကြပ်မလုပ်ချင်ဘူး...ပြီးတော့ ရာဇ်ကသာမာန်လူမဟုတ်တော့ တော်ကြာမွေးတဲ့ကလေးက သူတို့မျိုးဆက်ကို ဆက်ခံလို့မရတဲ့သူဖြစ်နေရင်လဲအဆင်မပြေဘူး..."

                  ဒေါ်ပန်းရိပ်နွယ် သူ့သားရဲ့စကားကိုနားလည်ပါသည်။ သို့ပေမယ့် သားတို့က မျိုးတူယောကျာ်းသားနှစ်ယောက်ယူထားကြတာဆိုတော့ ကြာရင် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတာရှိရင် ကလေးကသူတို့တွက်အဆင်ပြန်ပြေစေလိမ့်မည်။ ဒါပေမယ့်လဲ သူအတင်းကြပ်တော့မတောင်းဆိုချင်။

                ပန်းရုံ မေမေနှင့်စကားပြောပြီး နှုတ်ဆက်ကာ သူ့အခန်းထဲသို့ရောက်တော့ရေကိုအရင်ဆုံးချိုးလိူက်ပြီး နာရီကြည့်လိုက်တော့ ၅နာရီပင်ထိုးတော့မည်။ ဒါဆိုရင် သူ့ရဲ့ရာဇ်ကလေးပြန်လာတော့မည်။ ထို့ကြောင့် သူအဝတ်စားကိုအမြန်လဲကာ အပြင်သို့ထွက်စောင့်နေလိုက်သည်။ မကြာပါ ၅နာရီ ဒေါင်ဆိုတာနှင့် ရာဇ်ကိုလာပို့သည့် ကားလေးက အိမ်ရှေ့သို့ရောက်ပြီဖြစ်သည်။ သူလဲဝမ်းသာအားရသွားကြိုတော့ ရာဇ်က ကားပေါ်ကဆင်းလာရင်းပြုံးပြကာ ကားသမားဘက်လှည့်ရင်းစကားအနည်းငယ်ပြောကာ ပန်းရုံ၏ပခုံးကိုအသာဖက်ကာအိမ်ထဲသို့ဝင်သွားသည်။ ပြီးနောက်မေမေ့အခန်းထဲသွားကာ ......

You've reached the end of published parts.

⏰ Last updated: Sep 07 ⏰

Add this story to your Library to get notified about new parts!

Rebirth for Love (Completed)Where stories live. Discover now