အဆောင်၏ရုံးခန်းထဲတွင်ဖြစ်သည်။ အသက် ၃၀ ကျော်အရွယ်ခန့် ရှိသော အမျိုးသမီးနှစ်ဦး၊ပြီးနောက် ဆယ်ကျော်သက်အရွယ်ကျောင်းသား ၂ယောက်က အဆောင်မှူးဆရာမကြီး၏ရှေ့တွင်ထိုင်ကာ နေ့လယ်က ဖြစ်ပျက်ခဲ့သော အခြေနေတွက်ဆွေးနွေးနေကြသည်။
"ကျွန်မကတော့ လုံးဝကြေအေးမပေးနိုင်ဘူးရှင်...ကျွန်မသားက ယောကျာ်းလေးဆိုပေမယ့် ဒီကိစ္စကိုဘာမှမဖြစ်သလိုကျော်မသွားနိုင်ဘူး...."
မေမေ့ရဲ့စကားကြောင့် ပန်းရုံ လက်သီးစုပ်လေးကို တစ်ခြားလက်တစ်ဖက်ဖြင့်အုပ်ကိုင်ကာ ဖျစ်ညစ်ထားလိုက်သည်။ သူဒီကိစ္စကို မိဘခေါ်ရန်အထိ မစဥ်းစားခဲ့ပေမယ့် ရာဇ်ကတော့ နောင်တမရစေရန် မတရားခံရတာကို ထုတ်ပြောရတာ ရှက်စရာမဟုတ်ဘူးဟူ၍ပြောခဲ့သည်ကြောင့် ေမမေ့ကို ခေါ်ရတာဖြစ်သည်။
"ဟွန်း...ရှင့်သားရှင်လဲ ပြန်ကြည့်ပါအုံး...ပုံစံက ကနွဲ့ကလျနဲ့ ကျွန်မသားကိုမြူစွယ်ပြီးခေါ်လို့ဒီလိုဖြစ်ကုန်ရတာပေါ့...ဒီလိုမျိုးပုံစံတွေက မိန်းမကိုတော်ရုံစိတ်ဝင်စားတဲ့သူတွေမဟုတ်ပါဘူးရှင်...."
တစ်ဖက်က အန်တီပြောစကားကြောင့် ပန်းရုံ ဒေါသတကြီးမော့ကြည့်လိုက်ပေမယ့် ဆရာမကြီးအသံကြောင့် ပန်းရုံဒေါသကိုထိန်းလိုက်သည်။
"ကျွန်မက ဘက်လိုက်ပြီးပြောတာမဟုတ်ပေမယ့် ကျော်ဆန်းက ပန်းရုံကိုအနိုင်ကျင့်နေတာ မြင်တဲ့ကလေးလဲ ရှိပါတယ်...ပြီးတော့ ပန်းရုံက ကျွန်မတို့အဆောင်မှာ နေနေတဲ့တောတွင်း နာမည်ပျက်မရှိခဲ့တဲ့ကလေးပါ....ကျွန်မက အမှန်တရားကိုမသိဘဲနဲ့ ခုလိုခေါ်တွေ့တာမဟုတ်ပါဘူး...."
"ကျွန်မသားက မိကောင်းဖခင်သားသမီးပါ...အေး...ကျွန်မရဲ့သားက လိင်တူစိတ်ဝင်စားရင်တောင် ကျွန်မက ဂုဏ်ယူတယ်...ဘာလို့လဲဆိုတော့ ကျွန်မသားက ဘယ်သူ့ အိမ်ထောင်ရေးမှဖျက်စီးမနေသလို ဘယ်သူ့ကိုမှထိခိုက်အောင်လုပ်နေတာမဟုတ်ဘူး...လိင်တူကြိုက်လို့ လှောင်ကြမယ် ကဲ့ရဲ့ကြမယ်ဆိုရင်တောင် ကျွန်မ သူ့မအေတစ်ယောက်လုံးရှိတယ်..."
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်