နောက်တနေ့မနက် ပန်းရုံ အဆောင်မှအတန်းချိန်စောစောပြီးတါကြောင့် ကျောင်းကိုစောစောရောက်နေသည်။ လင်းမောင်ကလဲ ကပုံမှန်လိုဘဲ အစောကြီးရောက်နေပြန်သည်။ ထို့ကြောင့် နှစ်ယောက်သား ကျောင်းစျေးတန်းဘက်သွားကာ ကြာဇံသုတ်ဝယ်စားရန် ထွက်ခဲ့သည်။
"ဒေါ်ဒေါ်...ကြာဇံသုတ်နှစ်ပွဲပေးပါဗျ...စပ်စပ်လေးနော်..."
ပန်းရုံမှာပြီးသွားတာနှင့် ခုံတန်းလျားလေးတွင်ဝင်ထိုင်ကာဟိုကြည့်ဒီကြည့်လုပ်နေစဥ် မြင်ကွင်းထဲဝင်လာသည်က ကိုကျော်ဆန်း...။ သူ့အကြံစည်ကိုဖော်ဖို့အချိန်ကောင်းဖြစ်သည့်အတွက် ပြုံးလိုက်ကာ လင်းမောင်ကိုခနထားခဲ့ပြီး ကိုကျော်ဆန်းဆီတည့်တည့်မတ်မတ်လျှောကိသွားလိူက်သည်။
"အကို...."
ကျော်ဆန်း မင်းမောငိတို့နှင့် မုန့်စားနေတုန်း ကြားလိုက်ရသည့်အသံလေးကြောင့် လှည့်ကြည့်လိုက်တော့ ချစ်ပန်းရုံပင်။ သူအနူးညံ့ဆုံးပြုံးပြလိုက်တော့ စာခေါက်လေးတစ်ခုကလက်ထဲရောက်လာကာ....
"စောင့်နေမယ်နော်...."
ပြောပြီးထွက်သွားသော ကျောပြင်ကိုကြည့်ကာ ကြောင်အနေရင်းမှ စာကိုဖတိကြည့်လိုက်တော့ စာထဲပါသည်က.....
"ည ၉နာရီနားရင် စတိုခန်းမှာစောင့်နေပါ..."
စာက တိုတိုနှင့် ထိုမျှသာ ကျော်ဆန်းလဲ ပြုံးလိုက်ကာ စာလေးကိုပြန်သိမ်းထားလိုက်သည်။ သို့ပေမယ့် ကြာဇံသုတ်မစားဘဲ သူတို့ဘက်ကိုကြည့်ကာ မဲ့ပြုံးပြုံးနေသည့်ကောင်ကလေးကိုတော့သူမတွေ့ပေ။
"ရာဇ်...ရောက်တာကြာပီလား...."
အခန်းထဲရောက်သည်နှင့် ရာဇ်က အတန်းထဲတွင်ထိုင်နေကာ စာလုပ်နေသည်ကြောင့် ပန်းရုံက ဦးစွာမေးလိုက်တော့ ခေါင်းထောငိကြည့်ကာ အေးစက်စက်စကားတစ်ခွန်းကိုတုန့်ပြန်သည်။
"အင်း..."
ပန်းရုံလဲဆက်မမေးတော့ဘဲ လင်းမောင်ဘက်လှည့်ကာ....
"လင်းမောင်...ငါ့ကိုမနှင်းဦးဆီ တစ်ခုလောက်သွားပို့ပေးလို့ရမလားဟင်...."
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်