"အင်းး...မင်းတို့နှစ်ကောင်ပြောစကားအရ သူကတကယ်သာ နဂါးဆိုရင်တော့ မင်းတို့လိုချင်တဲ့ အမြုတေလဲရမယ် ငါလဲ သူ့ကိုငါ့ရဲ့အစေခံအဖြစ်ထားလို့ရတယ်...တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ကွာ...."
ကျော်ဆန်း နှင်ရန်နောင်ဟာ ရှေ့မှတစ်ကိုယ်လုံးအကျီအမဲကိုဝတ်ဆင်ကာ ဖြူနေသော ဆံပင်ရှည်ကြီးကိုလဲ ဖျားလျားချထားသည်။ မုတ်ဆိတ်များကလဲ ရှည်နေကာ မျက်နှာကိုယ်ပင်မမြင်ရဘဲ အကျည်းတန်နေလေသည်။
"ဟုတ်ကဲ့ ဆရာ...တကယ်လို့ သူ့ရဲ့အမြုတေကိုသာ ရမယ်ဆိုရင် ဆရာ သူ့ကိုကြိုက်သလိုစီရင်လို့ရပါတယ်...."
ရန်နောင့်စကားကြောင့် ဆရာကြီး ခေါင်းငြိမ့်ကာ.....
"နဂါးဆိုတဲ့အမျိုးကအင်အားကြီးတယ် ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကိုသာ ဆုပ်ကိုင်မိရင် ငါတို့သူ့ရဲ့အမြုတေကိုရနိုင်ဖို့လွယ်သွားလိမ့်မယ်...."
"ရှိတယ်...သူ့ရဲ့အားနည်းချက်ကို ကျွန်တော်သိတယ်..."
ကျော်ဆန်းကပြောတော့ ရန်နောင်က ဆိုပြန်သည်။
"ဒါဆို သူတို့နှစ်ယောက်ကို ဘယ်လိုခေါ်ထုတ်မလဲ...."
ဟုတ်သည်။ ဒီကိစ္စကတော့ ကျော်ဆန်းမလုပ်နိုင်အဘယ်ကြောင့်ဆိုသော် ရာဇ်နဲ့ကော ပန်းရုံနဲ့ကော သူကရန်စရှိသည့်လူပင်။
"လွယ်ပါတယ်. .....ဒီလိုလုပ်စာရွက်နှစ်ရွက်ကိုယူ ပြီးရင် အဲ့စာရွက်နှစ်ရွက်ထဲမှာ တစ်ပုံစံထဲ ဒီလိုရေး "ည ၁၁နာရီတိတိကျရင် ဟိုကောင်လေးရဲ့အိမ်မှာတွေ့ချင်တါမို့ လာတွေ့ပေးပါလို့ရေး ဒါပေမယ့် ရေးတဲ့နေရာမှာ အချိန်ကော နာမည်ကော တိကျဖို့လိုတယ်... ကဲ အဲ့ဒါဆိုစလုပ်တော့ ဒီနေ့ညက လပြည့်ညဆိုတော့ပိုပြီးအဆင်ပြေတယ်...."
ကျော်ဆန်းတို့လဲ ဆရာကြီးကိုနှုတ်ဆက်ကာ အိမ်သို့ပြန်လာလိုက်ကြပြီး ညနေမှ လုပ်ငန်းစရန် တွေးထားလိုက်သည်။
အိမ်ရှေ့ဆိုဖာပေါ်ထိုင်လိုက် ထလိုက်နှင့် လမ်းကို ဟိုဘက်ဒီဘက်လျှောက်နေသော ရာဇ်ကိုကြည့်ကာ မြပုလဲ မျက်စိတွေပင်နောက်နေပြီဖြစ်သည်။ ရေခဲတုံးကိုယ်တော်က ဒီနေ့မှ ဘယ်လိုဖြစ်လို့ ဂနာမငြိမ်ဖြစ်နေတာပါလိမ့်။
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်