ep9 Uni +Zaw

6.1K 372 2
                                    

              ပန်းရုံဝယ်လာသည့် မုန့်များကိုစားရန်ပြင်လိုက်သည်။ သို့ပေမယ့်တစ်ခုခုလိုအပ်နေတာကို သတိထားမိ၍ ရာဇ်ဘက်ကိုလှည့်ကာ.....

                "ငါ ရေဘူးဝယ်လာဖို့မေ့သွားတယ်...."

              ပန်းရုံ ညီးညီးညူညူပြောတော့ ရာဇ်က မြပုလဲဘက်လှည့်ကာ.....

                "ဒီတစ်ခါ နင်တို့သွားဝယ်တော့....ငါနဲ့ပန်းရုံစောင့်နေမယ်...."

            ရာဇ်အပြောကြောင့် မြပုလဲ နှာခေါင်းရှုံ့ကာ အလင်းလက်ကိုဆွဲပြီးထ ထွက်သွားသည်။ ပန်းရုံကတော​့ စားဖို့ဘဲအာရုံရောက်နေကာ မုန့်လင်မယား ထုတ်ကိုဖွင့်ကာ စားရန်ပြင်တော့သည်။ မုန့်လင်မယား အလုံးက သူ့ပါးစပ်နှင့်မဆံ့သောကြောင့် အလယ်မှခွဲစားရန်ပြင်တော့ လက်ဖြူဖြူတစ်စုံက သူ့​လက်ကိုဆုပ်ကိုင်လာသည်။

             "မုန့်လင်မယား ဆိုတာ တစ်လူံးလုံးစားရတယ်...အဲ့တာမှအရသာရှိတာ...."

              ရာဇ်အပြောကို ပန်းရုံကရယ်ကာ....

              "မင်းကိုဘယ်သူပြောလဲ..."

           ရာဇ် ပန်းရုံရဲ့ လက်ကိုအသာလွှတ်ပေးလိူက်ပြီး မျက်နှာလွှဲလိုက်ကာ....

                "လူတစ်ယောက်ကပြောတာ...."

               "ဒီတိုင်းခြမ်းစားလဲဒီအရသာဘဲ တစ်လုံးလုံးစားလဲ ဒီအရသာဘဲ ဘာမှ မကွာဘဲနဲ့...."

                ပန်းရုံပြောတော့ ရာဇ်က ပန်းရုံမျက်နှာကိုစေ့စေ့ကြည့်ရင်းပြန်ဖြေသည်။

                  "ဒီမုန့်နာမည်ကိုက မုန့်လင်မယား လေ အဲ့လိုဘဲ လင်မယားဆိုတာက လူနှစ်ဦးကိုပေါင်းစည်းခြင်းဘဲ....အဲ့လိုပေါင်းစည်းပြီဆိုထဲက ဒီလူနှစ်ယောက်က သေတဲ့ထိတူတူနေသွားရမာ ဘယ်သူမှခွဲလို့မရနိုင်ဘူး...ဒီမုန့်လင်မယားကလဲ တစ်ခြမ်းကိုစားလိုက်ရင် တစ်ခြမ်းက အထီးကျန်မယ့်တူတူ နှစ်ခုလုံးစားလိုက်တော့ ဘယ်သူမှအထီးကျန်စရာမလိုတော့ဘူးလေ...."

                စကားတွေအရှည်ကြီး ပြောနေသည့်ရာဇ်ကိုကြည့်ကာ ပန်းရုံပြုံးလိုက်ပြီး လက်မှလဲ မုန့်လင်မယားကိုတစ်ခြမ်းဆီခွဲကာ ရာဇ်ရဲ့ပါးစပ်ထဲသို့ အလျင်မြန်ထည့်လိုက်သည်။ ရာဇ်ကတော့ စကားပြောနေရင်း ပါးစပ်ထဲရောက်လာသည့်မုန့်ကြောင့် ကြောင်အကာ ပန်းရုံကိုကြည့်နေတာကြောင့် ပန်းရုံ ရယ်ကာ သူ့လက်ထဲမှမုန့်လင်မယားတစ်ခြမ်းကို ပါးစပ်ထဲထည့်ပြလိုက်သည်။

Rebirth for Love (Completed)Where stories live. Discover now