"မောင်တော်...မောင်တော်ဧက...."
ရာဇ် ကိုကိုနှင့်အိပ်နေရင်းအခန်းရှေ့မှအသံကြောင့် ကိုကို့ကိုကြည့်လိုက်တော့ ကိုကိုကသူ့ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာအိပ်နေသည်။ သို့ပေမယ့် မနိုး၍လဲမရပေ။ တော်ကြာ တံခါးဖွင့်ကာဝင်လာမှ သူတို့နှစ်ဦးလုံးဒီပုံစံနှင့်မြင်လျှင်ကိုကို့တွက်မကောင်းပေ။
"ကိုကို...ကိုကို...ထတော့အခန်းရှေ့က တစ်ယောက်ယောက်လာခေါ်နေတယ်..."
ခန္ဓာကိုယ်ကို အသာလှုပ်ကာ နိုးလိုက်တော့ အိပ်ချင်မူးတူးလေးနှင့်နိုးလာကာ သူ့ကိုကြည့်လာသည်။
"ဟင်...ဘာကြီးလဲ..."
အိပ်ချင်မူးတူးဖြစ်နေသည့်ကိုကိုကြောင့်ပြုံးလိုက်ကာ နှာခေါင်းလေးကိုအသာတို့ကာ...
"အခန်းရှေ့မှာ တစ်ယောက်ယောက်ခေါ်နေတယ်... မနေ့ကအမကြီးထင်တယ်..."
ထိုအခါမှ ကိုကိုကမျက်လုံးလေးပြူးကာ သူ့ကိုကြည့်ပြီး....
"ဒါဆို...မင်းကိုမြင်သွားတော့မှာ...သွားလို့ဖြစ်လားအခု..."
"ဖြစ်ပါတယ်....စိတ်မပူပါနဲ့...သွားဖွင့်ပေးလိုက်..."
ရာဇ်ကိုပြောပြီး ဧကလဲအပေါ်က ဝတ်ရုံကိုထပ်ကာ တံခါးကိုဆွဲဖွင့်လိုက်တော့ သုပဒုမ္မာက အပြုံးလေးနှင့်ကြိုဆိုသည်။
"မောင်တော်...ခမည်းတော်က လာနှိုးခိုင်းလိုက်လို့ပါ...မောင်တော်မနိုးသေးဘူးထင်လို့...."
"ဟုတ် ဒါဖြင့်သွားရအောင်လေ..."
လမ်းလျှောက်နေရင်း နှစ်ယောက်သားတိတ်ဆိတ်နေတာကြောင့် ဧက ကပင် တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေသည်။
"ဟို..ခမည်းတော်ဆိုတော့...အမတ်ကြီးပါရောက်နေတာလား..."
"အို..မဟုတ်ရပါဘူး...မောင်တော်နဲ့နှမတော်က မိသားစုချင်းသဘောတူထားတာဆိုတော့...စစ်သူကြီးကသူ့ကို ခမည်းတော်ဘဲခေါ်ဆိုခိုင်းလို့ပါ..."
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်