ep14 Uni+Zaw

4.9K 287 5
                                    

              အချိန်တွေ၊နှစ်တွေ၊လတွေ ပြောင်းလဲ ပြီးဧကဟာ ၂၂နှစ်ထဲရောက်ခဲ့ပြီဖြစ်ကာ ဧက၏သူငယ်ချင်းကလေးလေးကလဲ ၁၇နှစ်ဖြစ်နေပြီဖြစ်သည်။ အရင် ၄နှစ်အတွင်း အရာအားလုံးပြောင်းလဲသွားသလို ဧကတွက် အံ့​ြ သမှုများစွာကြုံခဲ့ရသလို ခုဆိုရင် ဧကဟာ နန်းတွင်းတွင် အမတ်ရာထူးအတွက် ခမည်းတော်​က စာမေးပွဲဖြေရန်အတွက်ပြင်ဆင်ခိုင်းထားတာဖြစ်သည်။

                ဧက မှတ်တမ်းများလေ့လာနေရင်း ကျောပေးထိုင်ထားသော ပြတင်းပေါက်မှ တစ်စုံတစ်ခုကဝင်လာကာ စာအုပ်ကိုင်ထားသည့်လက်ကို လာရောက်ရစ်ပတ်သည့်အစိမ်းရောင် နဂါးလေး က လာရစ်ပတ်သည်။ ဧကပြုံးလိုက်ကာ.....

                   "ကလေးလေးက ကိုယ့်ကို လာခြောက်တာပေါ့လေ...."

                 ဧကပြောလိုက်တော့ဧကရဲ့လက်မှ မကြီးမသေး နဂါးလေးက သူ့ကိုပြန်ကြည့်လာကာ ကြမ်းပြင်ပေါ်သို့ဆင်းသွားကာ လူ့အသွင်ကိုပြောင်းလိုက်ပြီးဆူပုတ်ပုတ်ဖြင့်....

                     "ကိုကိုနော်...ရာဇ်က ၁၇နှစ်ပြည့်ပြီးနေပါပြီ ၁၈တောင်ပြည့်တော့မယ်... ကလေးလေးမဟုတ်တော့ဘူး...."

               ဆူပုတ်ပုတ်အပြောကြောင့်ဧက ပြုံး၍ အစိမ်းရောင်ဆံနွယ်ရှည်တွေကို ပွတ်သပ်လိုက်ပြီး.....

               "ဟုတ်ပါပြီကွာ...ကိုယ်ကဒီနေ့မျှော်နေတာ.... ဗိုက်ဆာပြီလား...."

                "ဆာပြီ...ဒီနေ့ ဖခမည်းတော်က ကျင့်စဥ်တွေကျင့်ခိုင်းတာ မပြီးနိုင်မစီးနိုင်..ဒါပေမယ့် ဒီတစ်နှစ်မွေးနေ့ကျရင် လပြည့်နေ့ကျတယ် အဲ့နေ့ကျရင်တော့ပြီးပြီ...."

                "ဟုတ်လား....ဒီတစ်ခေါက်မွေးနေ့က လိုသေးတာဘဲ အင်း...၃လလောက်လား....ကြာအုံးမှာပေါ့..."

                   ဧကပြောတော့ ရာဇ်က မျက်နှာလေးမဲ့စွာခေါငိးငြိမ့်သည်။ ဧက ရာဇ်ရဲ့မျက်နှာလေးကိုကြည့်ကာ ပြုံးမိသည်။ ရာဇ်ဟာ သူ့ရဲ့သရုပ်မှန်ကို ဧကသိသွားသည့်ချိန်တွင် ဧကရှေ့ကနေ ၁လတိတိ ပျောက်သွားခဲ့ကာ ဧက ရှာပြီးပြန်တွေ့သည့်အချိန်တွင် ဧက ကိုကြည့်ကာမျက်ရည်ကြီးငယ်ကျကာ ချောင်မှာသွားပြီ ကုပ်ကုပ်လေးငိုနေခဲ့ကာ......

Rebirth for Love (Completed)Where stories live. Discover now