ep15 Uni+Zaw

4.8K 307 6
                                    

ခမည်းတော် အခေါ်ရှိတယ်ဆိုတာကြောင့် ဧက အိပ်မှုန်စုပ်ဖွားနှင့် အကျီကို ကမန်းကတန်းဝတ်ကာ ခမည်းတော်၏အဆောင်တော်သို့ပြေးရသည်။

"သားတော်ကို အမတ်ကြီး သုရီ ရဲ့သမီးတော် သုပဒုမ္မာနဲ့ လက်ဆက်ပေးချင်တယ်..."

ခမည်းတော်ရဲ့အဆောင်တော်ကိုရောက်ရောက်ခြင်းပြောလိုက်သည့်စကားကြောင့် ရင်ဝကို ဆောင့်ကန်လိုက်သလိုပင်။

"ခမည်းတော်....သားတော်က အခုမှ၂၂တောင်မပြည့်သေးတာကို....ပြီးတော့ အမတ်စာမေးပွဲကလဲဝင်ဖြေဖို့လဲရှိသေးတော့..."

ဧက မချင့်မရဲပြောလိုက်တော့ ခမည်းတော်က မှတ်တမ်းများကြည့်ရင်း မော့ကြည့်လာတာကြောင့် သူအမြန်အကြည့်လွှဲလိုက်ရသည်။

"အမတ်ရွေးပွဲတွက်က အချိန်ရှိပါသေးတယ်...လက်ဆက်ပွဲပြီးမှ ဝင်ပြိုင်လဲနောက်မကျသေးဘူး..."

"ဒါပေမယ့်..."

"သားတော် ချစ်ရတဲ့သူများရှိနေသလား...."

ဧက ၏စကားကိုဖြတ်ကာပြောသည့် ခမည်းတော်ကြောင့် ဧက၏ တစ်ဖက်ကို တစ်ဖက်ဆုပ်ကိုင်ထားသည့် လက်နှစ်ဖက်သည် တင်းကြပ်သွားရပြီး ခမည်းတော်၏စကားကိုပြန်မတုန့်ပြန်မိပါ။

"တကယ်လို့ မရှိသေးဘူးဆိုရင် ခမည်းတော်ပြောတာကို လက်မခံသေးဘဲ သုပဒုမ္မာကိုလေ့လာကြည့်ပါ နောက်နေ့ သူဒီကိုအလည်အပတ်မျိုးနဲ့လာ​ပါလိမ့်မယ်..."

"ခမည်းတော် သားတော်တို့က ယောကျာ်းသားတွေဘဲရှိတော့ သူအဆင်မပြေဖြစ်မှာပေါ့...."

"အဲ့ဒီတွက် မပူပါနဲ့ သူနဲ့အတူ တစ်ခြားအဖော်ပါ ပါလာလိမ့်မယ်..."

ဧကလဲ ပြောမရသည့်အဆုံး နှုတ်ဆက်ကာ တစ်ဖက်သူနေသည့်အဆောင်သို့ ထွက်လာခဲ့သည်။ အဆောင်၏ အခန်းထဲရောက်သည်နှင့် တံခါးကို ချက်ချကာ သက်ပြင်းချလိုက်ပြီး အနောက်ကိုလှည့်မည်အပြု ခြေထောက်ကို ရစ်ပတ်ကာထားသည့် အစိမ်းရောင် နဂါးလေးကိုငုံ့ကြည့်ကာ ပြုံးလိုက်မိသည်။ ပြီးနောက် သူ့ရှေ့တင် လူအသွင်ပြောင်းပြီး သူ့ခြေသလုံးလေးကို ထိုင်ကာ ကလေးများးလိုဖက်တွယ်ထားပြန်သည်။

Rebirth for Love (Completed)Where stories live. Discover now