ep6 Uni +Zaw

7.2K 424 1
                                    

            မနက်ခင်းအတန်းချိန်ဆင်းပြီး ပန်းရုံအိပ်ခန်းရှိရာသို့လမ်းလျှောက်လာစဥ် အခန်းထဲတွေမှ ကိုယ်စီထွက်ထွက်ပြီးအောက်ကိုဆင်းသွားကြသည်။ ပန်းရုံလဲ ကြောင်တောင်တောင်နှင့်သာ နောက်လှည့်ကြည့်ရင်း အခန်းထဲသို့ရောက်လာသည်။ အခန်းထဲရောက်တော့ ညီသစ်နှင့်အခန်းဖော်နှစ်ယောက်က တိုးတိုး တိုးတိုးနှင့် တစ်စုံတစ်ခုကိုပြောနေဟန် ။ သို့ပေမယ့် ပန်းရုံမေးလဲမမေးမိ။ ပြီးနောက် အောက်ဘက်မှဆူညီသံတွေကြားတာကြောင့်ပြတင်းပေါက်မှ နေကာ ေအာက်ကိုကြည်လိုက်တော့ လူများကစုပြုံကာ ရှိနေကြသည်။ ပန်းရုံလာတော့ ပြေးဆင်းသွားကြတာ ဒါကြောင့်ဖြစ်မည်။ ပန်းရုံတို့ စာသင်ဆောင်က အဆောင်ရဲ့အဝင်ဝတွင်ဖြစ်တာကြောင့် အဆောင်နောကိတွင်ဖြစ်ပျက်နေတာမသိတာဖြစ်သည်။

                "ညီသစ်....လူတွေအများကြီးဘဲ ဘာဖြစ်ကြတာလဲ...."

                ပန်းရုံမေးတော့ ညီသစ်က ပန်းရုံဘက်လှည့်လာကာ.....

           "အေး...မြွေခြေရာလိုလို နဂါးခြေရာရာလိုလိုတွေ့တာတဲ့ကွ...ဒီမနက် ဆယ်တန်းတေအတန်းတက်တော့ အမကြီးတစ်ယောက်ကတွေ့တာတဲ့...အဲ့တာ ဂိုက်ဆရာ ဆရာမတွေကော ပြုံလို့....အဲ့တာကြည့်ရင်း စာတောငိမသင်နိုင်ကြဘူးကွ...."

          ညီသစ်က အာပေါင်အာရင်းသန်သန်ပြောတော့ ပန်းရုံစိတ်ဝင်စားသွားရသည်။

                "ငါတို့လဲသွားကြည့်ရအောင်လေ..."

              "ကြည့်စရာမလိုဘူးငါ့ကောင် မင်းခေါင်းရင်းကပြတင်းပေါက်အောက်မာလဲရှိတယ်...."

            ညီသစ်အပြောကြောင့် ပန်းရုံမျက်လူံးလေးများဝိုင်းသွားကာ ပြတင်းပေါက်သွားသွားကြည့်တော့ခြေရာအကြီးကြီးပင် ။ အကြေးခွံပုံစံပါ ပါတော့မြွေတော့မဖြစ်နိုင်။ ပန်းရုံအံ့​ြ သလွန်း၍ တော်တော်နှင့်အကြည့်မခွာနိုင်။

           "ပန်းရုံ...မင်းကျောင်းနောက်ကျလိမ့်မယ်.... ထမင်းစားပြီးသွားတော့လေ..."

            ညီသစ်ပြောမှ ကမ်းကတန်း အဝတ်စားလဲကာ အဆောင်အောက်သို့ ထမင်းစားရန်ဆင်းလာလိုက်သည်။ အဆောင်အောက်ကိုရောက်တော့မေမေ့ကိုတွေ့လိုက်ရသည်ကြောင့်ပြေးသွားလိုက်သည်။

Rebirth for Love (Completed)Where stories live. Discover now