ep 7 Uni+Zaw

6.8K 409 11
                                    

           Mini barရှိ ချောင်ကျသောနေရာတွင် ထိုင်နေသော မိန်းကလေးတစ်ယောက်။ shirt အကျီအမဲနှင့် စတိုင်ပန်အမဲကို လိုက်ဖက်စွာဝတ်ဆင်ထားပြီး ခြေထောက်ကို ဟန်ပါစွာချိတ်ကာ လက်ကလဲ ဝိုင်ခွက်ကိုစိမ်ပြေနပြေသောက်နေကာ Dancing floor တွင်  ကခုန်နေသောလူများကိုငေးကာနေသည်။

                  ခွမ်း!

        ထိုင်နေရင်း တစ်ခုခုကျကွဲသည့် အသံ​​ကြောင့် လှည့်ကြည့်လိုက်တော့ ဝန်ထမ်းဝတ်စုံနှင့်ကောင်လေးက ခေါင်းကိုမြေကြီးထိမတတ်ငုံ့နေကာ ရှေ့က ဒေါသတကြီးဖြစ်နေသည့်ကောင်မလေးကိူ တောငိးပန်နေသည်။ ဝန်ထမ်းကောင်လေးမျက်နှာကိုသေချာကြည့်လိုက်တော့ သူ့လက်သီးတွေ ဆုပ်လိုက်မိသည်။

                "နင့်စောက်ဆင့်နဲ့ ဒီအကျီကိုပြန်ဝယ်နိုင်မယ်ထင်နေတာလား ဟမ်....စောက်တောသား...ဘယ်လိုလူတွေနဲ့လာတိုးနေလဲမသိဘူး...."

               ဒေါသတကြီးနှင့်ကောင်မလေးက ရှေ့ကဝန်ထမ်းလေးကို လက်ညှိုး ငေါက်ငေါက်ထိုးကာပြောနေသည်။ ပြီးနောက် ထိုကောင်မလေးနောက်မှ ကောင်လေးတစ်ယောက်က ရောက်လာကာ ကောင်မလေးကလဲ ဖြစ်ကြောင်းကိုပြောပြနေဟန်။ ပြီးနောက် ဝန်ထမ်းလေး၏ အကျီကော်လန်ကိုဆွဲကာ....

                "​ေလျာ်စရာမရှိဘူးမလယး....ဒူးထောက်လိုက်...."

                 "အဲ့ဒီလက်ကိုလွှတ်လိူက်...."

              အမိန့်သံပါသောအသံကြောင့် အားလူံးရဲ့ မျက်လုံးသံက တစ်နေရာထဲတွင်စုစည်းသွားကာ ဝန်ထမ်းလေး၏ အသံကထပ်ထွကိလာသည်။

                "မြပုလဲနွယ်.... "

                 "အင်း...လင်းမောင်..."

              မြပုလဲနွယ် လင်းမောင်ကိုပြုံးပြလိုက်ပြီး လင်းမောင်ရဲ့အကျီကော်လန်ကို ဆွဲထားသော သကောင့်သားကို မျက်နှာတည်ထားကာ ကြည့်ပြီး....

             "ဒီကအကို...သူ့အကျီကိုလွှတ်ပြီး သေချာလေးဆွေးနွေးသင့်တယ်...""

               "မင်းကဘာမို့လို့လဲ....မဆိုင်ရင်ဝင်မပါနဲ့....လူကြည့်တော့ ဘောပြားလိုလို ဘာလိုလိုနဲ့...."

Rebirth for Love (Completed)Where stories live. Discover now