ep4 Uni+Zaw

8.6K 686 4
                                    

                 "ရှာတွေ့ခဲ့ပြီဆိုသားတော်...."

             ဆိုဖာပေါ်တွင်အသက်ရွယ်ခန့်မှန်း၍မရအောင်ခန့်ညားနေသော သူက သူ့ရှေ့မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင်မျက်နှာသေနှင့်ထိုင်နေသော လူငယ်လေးကိုမေးလိုက်သည်။ ထိုသူကတော့ ထိုလူကြီးအမေးကို ခေါင်းအသာငြိမ့်ပြသည်။

                  "အမှန်ဆို အပြင်လောက ကနေဘဲသူ့ကိုဆက်သွယ်လို့ရတယ်.... ဘာကိစ္စကျောင်းတက်ဖို့ထိလုပ်ရတာလဲ...."

                 လူငယ်လေးကမျက်လုံးကိုတစ်ချက်လှန်ကြည့်လာကာ....

                ""ခမည်းတော်ဘဲ ကျွန်တော့ကိုအပြစ်အနေနဲ့ သူ့ကိုမှတ်မိအောင် မလုပ်ရဘူးဆို သူကိုယ်တိုင်မှတ်မိအောင်ဘဲလုပ်ရမယ်ဆို...."

                သူ့အပြစ်ကို ကိုယ့်အပြစ်လိုလုပ်နေသော သားတော်ကိုကြည့်ကာ ပြူံးလိုက်မိသည်။

                      "ဒါကလဲ...အရင်လိုပြန်ဖြစ်မာစိုးလို့လေ...ခမည်းတော်တို့က လက်ခံနိုင်ပေမယ့်...သူ့ဘက်က တစ်ယောက်ထဲမဟုတ်ဘူးမိသားစုနဲ့လေ...ပြီးတော့ မင်း အဖိုးတော်ဆီက မသေဆေးသွားတောင်းခဲ့တာဘဲလေ....အမှန်ဆို ဒီဆေးက လူသားတွေတွက်မဟုတ်ဘူးလေ...."

                  "ဒီတစ်ခါတော့ သူ့ကိုလုံးဝလက်မလွှတ်ပေးချင်တဲ့အတ္တမို့ပါ...ပြီးတော့ အဖိုးတော်ဆီကနေ မသေဆေးတောင်းတဲ့တွက်လဲ ကျွန်တော်အခု အပြစ်ပြန်ပြီးခံယူနေတာဘဲလေ...."

             လေသံလုံးဝမလျော့သော သားတော်ကိုကြည့်ကာ ပြုံးမိ​ပြန်သည်။

                  "အငိးလေ...လက် မခံလို့လဲမရတော့ဘူးလေ မင်း အဖိုးတော်က သူ့သားတော်သေတော့ သူ့အမြုတေနဲ့ စိတ်ဝိညာဥ်ကိုယူပြီး မင်း မယ်တော်ဆီ ဝင်စားစေခဲ့တာဘဲ အဲ့တော့ မင်းလဲသူ့သားတော်လိုဖြစ်နေတာ အရင်လိုအဖြစ်မျိုးမကြုံရအောင် သူအစွမ်းကုန်လုပ်မာဘဲ...ဒါပေမယ့် အပြစ်ကိုတော့ကြေအောင်ဆပ်သင့်တယ်နော်..."

               ခေါင်းငြိမ့်ပြကာ "ကျောငိးနောက်ကျတော့မယ် "ဟုပြောပြီးထသွားသော သားတော်၏ကျောပြင်ကိုကြည့်ကာ သက်ပြင်းချမိသည်။ သည်ခရီးလမ်းက ဆက်ပြီးရှည်နေအုံးမည်....။

Rebirth for Love (Completed)Where stories live. Discover now