တီ...တီ...တီ..
နှလုံးခုန်နှုန်း၏စမ်းသပ်သည့်စက်မှ တတီတီမြည်နေသော အသံသည် လိုတာထက်ပိုပြိးကျယ်နေတာကြောင့် ရာဇ် လန့်နိုးသွားရသည်။ ပြီးနောက် ကုတင်ပေါ်မှ အောက်ဆီဂျင်ပိုက်အုပ်ကိုတပ်ထားသည့်ရုံ့ကိုကြည့်ကာ စိုးရိမ်တကြီးဖြင့် ကုတင်ဘေးရှိ ဆရာဝန်များခေါ်သည့် ခလုတ်ကိုအလောတကြီးနှိပ်လိုက်သည်။ မကြာပါဘူး ဆရာဝန်တွေကော နာ့စ်များပါရောက်လာကာရုံ့ကိုစမ်းသပ်ကာ အခြေနေကြည့်နေကြတာကြောင့် ရာဇ် အန်တီ့ကိုဖုန်းဆက်ခေါ်လိုက်သည်။"အခြေနေကတော့မစိုးရိမ်ရတော့ပါဘူး...၂နှစ်ကြာမှ ဒီလိုတုန့်ပြန်တယ်ဆိုတော့ သတ်ရလာဖို့မဝေးတော့ပါဘူး..."
"ကျေးဇူးတင်ပါတယ်ဒေါက်တာရယ်...တကယ်ကျေးဇူးတင်ပါတယ်.."
ဒေါ်ပန်းရိပ်နွယ် သားလေးနှလုံးခုန်နှုန်းမြန်လို့ ဆရာဝန်ခေါ်ထားရတယ်ဆိုတာကြောင့် ဆိုင်ကို ခနထားခဲ့ကာ ဆေးရုံသို့ဒုန်းဆိုင်းပြေးလာရသည်။
"ဟုတ်ကဲ့...ပြီးတော့ လူနာသတိရလာရင်ဂရုစိုက်ပေးဖို့ပြောချင်ပါတယ်...နောက်တစ်ခါ ဒီလိုဘဲ သတ်သေအုံးမယ်ဆိုရင်အာမ မခံနိုင်ဘူးဗျ..."
ရာဇ်ကတော့ ခေါင်းငုံ့ရင်းသာ မျက်ရည်များသာကျနေရပြီး အန်တီကတော့မျက်ရည်များနှင့်ခေါင်းငြိမ့်ကာ ဒေါက်တာ့ကိုကတိအထပ်ထပ်ပေးနေသည်။ဒေါက်တာပြန်သွားမှ အန်တီ့ကိုခေါ်ကာဘေးမှထိုင်ခုံတွင်ဝင်ထိုင်ရင်းနှစ်သိမ့်ပေးရပြန်သည်။
"သားရာဇ်...မင်းသူငယ်ချင်းကိုမေးကြည့်စမ်းပါကွယ်...သူဘာတွေများစိတ်ဖိစီးနေလို့..ဘာတွေများဖြစ်ခဲ့လို့ သတ်သေတဲ့ထိ..."
ဒေါ်ပန်းရိပ်နွယ်မှာပြောနေရင်း ရင်ထဲစို့တက်လာတာကြောင့် ဆက်မပြောဘဲငိုသာငိုမိနေတော့သည်။"စိတ်မပူပါနဲ့အန်တီ..ကျွန်တော်.. ကျွန်တော်ရုံ့ကိုစောက်ရှောက်ပေးပါ့မယ်.. "
နေလယ်ပိုင်းကျဆိုင်ကအရေးတကြီးခေါ်သည်ကြောင့်ညနေပြန်လာမည်ဟုဆိုကာ မှာပြီးသူ့သားကိုတကြည့်ကြည့်နှင့်ထွက်သွားလေသည်။ခနအကြာလင်းမောင်နှင့်မြပုလဲတို့ကရောက်လာကာ.....
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်