အပိုင်း (၃၀)

140 18 7
                                    

Unicode

တိတ်ဆိတ်ငြိမ်သက်နေသော အိမ်ငယ်လေးတစ်လုံး။ထိုအိမ်ငယ်လေးထဲမှာတော့ ရပ်ကွက်အတွင်းရှိ လူအများအပြားရောက်ရှိလို့ နေကြသည်။
ခြံဝန်းအတွင်း ပလတ်စတစ်ခုံများဖြင့် ဟိုတစ်စု သည်တစ်စု စုထိုင်ကာ တီးတိုးစကားပြောနေကြသော လူများ၏ မျက်နှာများမှာ ညှိုးနွမ်းနေကြပြီး မျက်ဝန်းများက ဝမ်းနည်းခြင်း၊စိတ်မကောင်းဖြစ်ခြင်းတို့ကို ဖော်ညွှန်းပြသနေကြသည်။

"ကလေးမလေး သနားပါတယ်နော်"

"ဟုတ်ပရှင် သူ့ခမြာ ဒီအဖွားတစ်ယောက်ပဲ ရှိတော့ရှာတာ"

"ကံတရားပေါ့ဗျာ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘယ်တတ်နိုင်ပါ့မလဲ လူဆိုတာသေတစ်နေ့မွေးတစ်နေ့ဆိုတော့ ပြောရခက်သားလားဗျာ"

"ကျွန်မတို့က ဝတ်လွှာလေးကို သနားတာပါရှင် သူ့ခမြာ ဆွေမရှိမျိုးမရှိနဲ့ တစ်ယောက်ထဲဘဝကိုဖြတ်သန်းရတော့မှာ"

"ဟုတ်ပဗျာ သူတို့မြေးအဖွားနှစ်ယောက်လုံးက စိတ်ရင်းကောင်းကြ ရှာတယ် ...ဒါကို လူတွေကလည်း လုပ်ရက်နိုင်လွန်းကြတယ်ကွာ  တောက်"

"အဲ့လိုလူတန်းစားတွေက အဲ့လိုစိတ်ဓာတ်တွေပဲရှိတာလေကွယ် ကောင်မလေးခမြာသနားပါတယ် အဖွားကလည်းဆုံး အိမ်နဲ့မြေကလည်း အသိမ်းခံရမယ်ဆိုတော့"

"အေးကွာ ကျန်တာတွေအကုန်သိမ်းပြီးပြီပဲတော်ရောပေါ့ ဒီမြေကွက်လေးပဲကျန်တော့တာကို မရ ရအောင်သိမ်းချင်နေကြသေးတယ် လူတွေများ အံ့ပါ့ကွာ ထွီ"

ဦးကြေးစည်ဆိုသည့် လူကြီးက သူ့အသံသြသြကြီးနှင့် ကွမ်းတံတွေးကို ခပ်ကြမ်းကြမ်းထွေးကာ ပြောလေသည်။

ထိုလူတွေကို ကြည့်ကာ မြတ်လွန်းစိတ်မကောင်းဖြစ်ရသည်။ထိုနောက်အကြည့်တို့ကို အိမ်ငယ်လေးဆီသို့ ပြန်လွှဲလိုက်သည့်အခါဒူးလေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ပိုက်၍ ကျုံ့ကျုံလေးထိုင်ကာ အဖွားဖြစ်သူ၏ အလောင်းကို ညှိုးညှိုးငယ်ငယ်မျက်နှာလေးဖြင့် ထိုင်ကြည့်နေသော မိန်းကလေးတစ်ဦးကို မြင်ရလေသည်။မျက်နှာလေးသာညှိုးငယ်နွမ်းဖတ်နေပေမယ့် သူမ၏မျက်ဝန်းအစုံမှာတော့ မျက်ရည်စတို့က မရှိ။ ဒါပေမယ့် သူမရဲ့ဝမ်းနည်းခြင်းတွေကိုတော့ အတိုင်းသား တွေ့မြင်နေရလေသည်။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

*သာ၍  ခ်စ္ခ်င္ပါေသးသည္*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now