အပိုင်း(၂၈ )

136 15 7
                                    

Unicode

အိမ်ဦးမောင် ကိုင်ရသည့်အမှုမှာ ယနေ့အပြီးသတ်အမိန့်ချမှတ်ပေးမည်မို့ ရုံးတွင်လူစုံတက်စုံရောက်ရှိနေကြလေသည်။ချိုလွန်းကိုကိုသည်လည်း သူ့အဒေါ်ဖြစ်သူထံမှ အမှုကိုကြားသိပြီးနောက် စိတ်ဝင်တစားရှိလှသည်မို့ စာသင်ချိန်ပြီးသည်နှင့် တရားရုံးသို့ ပြေးချလာတော့သည်။သူမအတွက်တော့ 'တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့' တရားရုံးမှာ အဒေါ်ကြီးလည်း ရှိနေမည်မဟုတ်ပါလား။တရားရုံးသို့ရောက်သည်နှင့် ကားကို ရုံးနဲ့မလှမ်းမကမ်းတွင် ပါကင်ထိုးခဲ့ကာ တရားရုံးဆီသို့ အပြေးတပိုင်းသွားလိုက်သည်။

"နောက်ကျနေလောက်ပြီထင်တယ် အမှုကဘယ်လိုဖြစ်သွားပြီလဲမသိပါဘူးကွာ"

" သမီးအဒေါ်ဆီလာတာလား"

"ဟုတ်ကဲ့ ဦးလေး"

ရုံးရှေ့ လက်ဖက်ရည်ဆိုင်မှ ဦးလေးကြီးက တီတီလေး​ဆီ မကြာခဏလာတတ်သည့် ကိုကို့ကို မျက်မှန်းတန်းမိပြီး တွေ့တိုင်းနှုတ်ဆက်လေ့ ရှိသည်မို့ ကိုကိုလည်း အလိုက်အထိုက်ပြန်ဖြေလိုက်ရသည်။ထိုအချိန်မှာပဲ တရားရုံးအပေါက်ဝမှ ထွက်လာသော လူတစ်ယောက်ကြောင့် ချိုလွန်းကိုကို ခြေလှမ်းတို့ရပ်တန့်သွားရသည်။

"ဂုဏ်ရှိန်"

"ထက်ဂုဏ်ရှိန်"

"ဟင်"

"သြော်ကိုကို"

ကိုကို့ကိုမြင်တော့ ဂုဏ်ရှိန်ကအံသြနေပုံရပြီးနောက် ပြုံးပြလေသည်။

"နင်နေမကောင်းဘူးဆို ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ သက်ရောသက်သာရဲ့လား"

နေမကောင်းဖြစ်နေသည်ဟုဆိုကာ ကျောင်းကိုပင် ရောက်မလာသော သူငယ်ချင်းကို တရားရုံးရှေ့မှာရုတ်တရက်တွေ့ရသည်မို့ ချိုလွန်းကိုကိုလည်း ကြောင်စီစီဖြစ်ရသည်။

"ဟင် သက်သာပါတယ် ဒီဘက်ကိုလာတာက ဟို ငါ ဆေးခန်းလာပြတာလေ"

"ဆေးခန်းလာပြတာ!!"

"​အင်း ဆေးခန်းကပြခဲ့ပြီးပါပြီ ရိုးရိုးဖျားတာတဲ့ ပြီးတော့ခုနက ခန့်ထည်ကို ငါဖုန်းဆက်ကြည့်လိုက်တော့ နင်ပြန်သွားပြီတဲ့ တရားရုံးကိုဝင်ဦးမှာလို့ ပြောသွားတယ်ဆိုလို့ ငါဒီကနေ လာစောင့်နေတာ"

*သာ၍  ခ်စ္ခ်င္ပါေသးသည္*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now