Unicode
"တောင်တောင်"
ရုတ်တရက်ထမြည်လာသော Viberမှ Notiသံကြောင့် မဟော်အလုပ်လုပ်နေရင်းဖုန်းကို ယူကြည့်လိုက်သည်။ မဟော်ကိုင်သည့် ဖုန်းနံပါတ်ကိုမဟုတ်ဘဲ ရုံးမှအလုပ်သုံးသည့်နံပါတ်ကို ပို့လာသည်မို့ အရင်ကဆိုလျှင် အလုပ်ကိစ္စတစ်ခုခုသာဖြစ်ရမည်ဟုသာ မဟော်ထင်မှတ်မိမှာအမှန်ပင်။
ယခုတော့ ထိုသို့မဟုတ် လွန်ခဲ့တဲ့နှစ်ရက်သုံးရက်ခန့်ကပင် မဟော်အလုပ်အတွက် သုံးသည့် ရုံးအထိုင်ဖုန်းနံပါတ်ကို ဖုန်းစိမ်းတွေ ခဏခဏဝင်၍ ခြိမ်းခြောက်သည့် စာတိုတွေလည်း မကြာခဏရောက်လာလေ့ရှိသည်။ထို့ကြောင့် တုန်တုန်ကိုပင် ရုံးဖုန်းကို မကိုင်စေဘဲ မဟော့်အခန်းမှာသာ ထိုဖုန်းကို ယူထားလိုက်တော့သည်။
"ဟင်"
မဟော်မသိသော နံပါတ်စိမ်းတစ်ခုမှ ပို့လာသောပုံအချို့။ထိုပုံများကိုကြည့်ရင်း မဟော် မျက်ခုံးတွေ တွန့်ကွေးသွားရသည်။
ပုံတွေကိုတစ်ပုံချင်း ချဲ့ကာ သေချာZoomဆွဲကြည့်လိုက်သည်။ပြီးနောက်ဖုန်းကိုပြန်ပိတ်ကာ သူမလက်နှစ်ဖက်ကိုပိုက်ထားရင်း ရုံးခန်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြန်သည်။"ဘယ်သူပို့တာလဲဟင် မမ နံပါတ်အစိမ်းပဲလား"
ရှေ့နေရုံးခန်းကို မသိသောဖုန်းနံပါတ်များနှင့် ဆက်လာတတ်ကြသည်မှာ မထူးဆန်းလှသော်လည်း နန်းမဟော်သူ၏ စိတ်လှုပ်ရှားကာ တစ်ခုခုတွေးတောနေဟန် ခြေလှမ်းတို့ကြောင့် သဲအိတုန်က သိလိုစိတ်ဖြင့် မေးမြန်းကြည့်သည်။ဟုတ်သည်။ ဒေါ်နန်းမဟော်သူဆိုတာ ဘယ်အရာကိုမဆိုအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်သာ လုပ်ကိုင်လေ့ ရှိတတ်သူသာဖြစ်ချေသည်။ အခုလိုခပ်သွက်သွက် ခြေလှမ်းတို့ဖြင့် စိတ်လှုပ်ရှားနေဟန်မျိုးဆိုတာ တွေ့မြင်လှဖို့ ခဲယဥ်းလွန်းလှပြီး ကိစ္စတိုင်းကို သွေးအေးအေးဖြင့်သာ ဖြေရှင်းတတ်သူဖြစ်သည်။ သူမ မဖြေရှင်းနိုင်သည့် အကြောင်းကိစ္စဟူ၍လည်း အခုချိန်ထိတော့ သဲအိတုန်မမြင်ဖူးသေးပေ။
သို့ပေမယ့် ဟိုတစ်နေ့က ရုံးဖုန်းကို
သူစိမ်းယောက်ျားတစ်ယောက် ဖုန်းဆက်လာပြီးသည့်နောက်တွင်တော့ ဒေါ်နန်းမဟော်သူ၏ မျက်နှာလှလှထက်ဝယ် စိုးရိမ်ပူပန်ရိပ်တို့ ဖြတ်ပြေးသွားသည်ကို ထူးထူးဆန်းဆန်းသူမ တွေ့မြင်ခဲ့ရပါသည်။
"အင်း အရေးကြီးကိစ္စရှိနေလို့ အပြင်ခဏသွားရဦးမယ်ထင်တယ််...... တကယ်လို့များ ရုံးဆင်းချိန်အထိ ကိုယ်ပြန်မရောက်သေးဘူးဆိုရင် တုန်တုန်ရုံးဆင်းနှင့်လိုက်နော်"
YOU ARE READING
*သာ၍ ခ်စ္ခ်င္ပါေသးသည္* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...