ဆေးရုံကအပြန် သွန်းဆိုင်သို့ရောက်တော့ မကူညီဘဲလစ်ပြေးသွားတဲ့ မင်းဘုန်းကို ပတ်ရှာမိသည်။
"မင်းဘုန်း ဘယ်မှာလဲ။မင်းဘုန်းမာန်သစ် နင့်ကိုငါအရှင်မထားဘူး။ခုထွက်ခဲ့နော်"
"သူငယ်ချင်း မာမီနင့်ကိုဆူလိုက်သေးလား။ငါကစိတ်ပူနေတာ"
ခုမှမျက်နှာငယ်လေးနဲ့ ထွက်လာကာ သူ့အားစိတ်လာပူပြနေတဲ့ သူငယ်ဂျင်းကို အားရပါးရထူရိုက်မိသည်အထိ
"အင့်ဟယ် အင့်ဟယ် ခုမှဘာမှလာဖားမနေနဲ့။နင့်မာမီက နင်တို့မင်္ဂလာပွဲကို အနှေးနဲ့အမြန်စီစဉ်တော့မယ်တဲ့"
မင်းဘုန်းနဲ့အတူ သူငယ်ချင်းတွေလည်း ငြိမ်နေကြသည်။ပီးမှ သွန်းဆီကနေ စကားသံထွက်လာသည်က
"မင်းဘုန်းရယ် ကိုစစ်လွန်းက ကြားထားသလောက်မဆိုးပါဘူး။နင်နဲ့လည်းအဆင်ပြေမှာပါ။အိမ်ထောင်ကျပီးရင် မလွတ်လပ်တော့ဘူးလို့ ဘယ်သူပြောလဲ။မေသော်နဲ့ စည်သူတို့လင်မယားဆို ကလေးတောင်ရနေပီ အေးဆေးဘဲလေ"
သွန်းစကားကို မေသော်ကလည်းထောက်ခံကာ
"အေးလေ ကိုစစ်လွန်းက သူ့ဆေးရုံနဲ့သူတောင်အားတာမဟုတ်ဘူး။ပီးတော့ အပြင်ဆေးခန်းကလည်းထိုင်သေးတယ်မလား။နင့်ကိုလိုက်ချုပ်ချယ်နေဖို့ သူအချိန်ရမှာမဟုတ်ဘူး။အဲ့တော့ မယူခင် သူနဲ့အရင်စကားပြောထားကြည့်ပေါ့။နင်ဘယ်လိုတွေမကြိုက်ဘူး။ဘယ်လိုတွေတော့ အဆင်ပြေတယ်ဆိုတာတွေပြောပြပီး သူလိုချင်တဲ့အချက်တွေ ပြင်ဆင်ထားသင့်တယ်လို့ထင်တယ်"
စည်သူလင်းကလည်း သူ့မိန်းမမေသော်စကားကိုထောက်ခံကာ အကြံပေးစကား၀င်ပြောလိုက်သည်။
"အိမ်ထောင်ကျသွားရင်ခြေချုပ်မိပီလို့ ထင်နေတာလား။မင်းအခု သွားနေကြBarတွေ Clubတွေ သူပါလိုက်အောင် ဆွယ်ပေါ့။သူအကြိုက်ကိုမင်းလိုက်ပီးရင် မင်းအကြိုက်ကိုလည်းသူပါအောင်ဆွယ်ပေါ့ မဟုတ်ဘူးလား။အရက်မသောက်ခိုင်းတာတို့ ပိုက်ဆံပေးမကိုင်တာတို့ သူငယ်ချင်းတွေနဲ့အပြင်သွားဖို့မလွတ်တာတို့က ဂျင်းပါကွာ။နှစ်ယောက်ညှိယူရင် ရတာဘဲကို "