ညကြီးသန်းခေါင် နိုက်ဂျူတီ(Night duty)ကျလို့ ရုံးခန်းထဲထိုင်ပီး လူနာမှတ်တမ်းတွေကြည့်နေတုန်း ရုံးဖုန်း၀င်လာသည်မို့ စစ်လွန်းကိုင်လိုက်သည်။
"ဟလို ××××ဆေးရုံက ဒေါက်တာစစ်လွန်းအိဏ်ပြောနေပါတယ်"
"ဟို... ကိုစစ်လွန်း ယုယပါ"
ဒီနာမည်သူရင်းနှီးတယ်လို့ စဉ်းစားလိုက်ပီး မင်းဘုန်းသူငယ်ချင်းမှန်းမှတ်မိသွားခါမှ ဖုန်းကိုဆက်ပြောလိုက်သည်။
"အင်း ယုယပြော"
"အခု ယုယတို့တဖွဲ့လုံး ××××ရဲစခန်းမှာ မင်းဘုန်းတို့၃ယောက်လုံးက အချုပ်ထဲရောက်နေတာ... ယုယတို့၃ယောက်လုံးကလည်း ရန်ပွဲထဲပါထားတာမို့ အာမခံပေးလို့မရဘူးဖြစ်နေတယ် ။အဲ့တာ ကိုစစ်လွန်း အာမခံနဲ့လာထုတ်ပေးနိုင်မလားလို့ ယုယအကူအညီလှမ်းတောင်းတာပါ..."
" ဘယ်လိုဖြစ်ကြတာလဲ"
"မင်းဘုန်းပြဿနာရှာတာမဟုတ်ပါဘူး ကိုစစ်လွန်း~~~ယုယကြောင့်ပါ။ယုယကို၀င်ကူညီရင်း ရန်ဖြစ်ကြတာပါ.... "
"အင်းးးကိုယ်ကအခု နိုက်ဂျူတီကျနေတာကော... မနက်၆နာရီလောက်မှ ဂျူတီချိန်းကြမှာ"
"ရတယ် ကိုစစ်လွန်း မနက်မှလာထုတ်ပေးလည်းရပါတယ်။မင်းဘုန်းဒယ်ဒီတော့ သိလို့မဖြစ်ဘူးနော် ကိုစစ်လွန်း"
"ဟုတ်ပီ ကိုယ်သဘောပေါက်ပီ"
ယုယနဲ့ဖုန်းပြောပီးတော့ မော်မော်က ကော်ဖီခွက်လေးကိုင်ကာ သူတို့ရုံးခန်းထဲသို့၀င်လာသည်။
"ရော့ ကော်ဖီ... ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
"ယုယဆက်လာတာ"
"ယုယဆိုတာ မင်းဘုန်းရဲ့သူငယ်ချင်းမလား။ဘာတဲ့လဲ"
"သူတို့တဖွဲ့လုံး အချုပ်ခန်းထဲရောက်နေလို့ အာမခံနဲ့လာထုတ်ပေးပါတဲ့"
"ဪ~~~ဟမ်! သူတို့တဖွဲ့လုံး! ဒါဆိုငါ့မောင်လေးပါပါတယ်ပေါ့"
"အင်း"
"ဘယ်လိုဖြစ်ကြတာတဲ့လဲ"
ယုယပြောပြသမျှကို မော်မော့်ကိုပြန်ပြောပြလိုက်တော့ မော်မော်ကသက်ပျင်းချရင်းပြောလာသည်။