အပိုင်း ၂၅

12 2 3
                                    

မင်းဘုန်းလည်းကျောင်းပိတ်ရက်ဖြစ်ပီး စစ်လွန်းလည်း duty offတာမို့ ဒီနေ့ကအိမ်သစ်တက်ပွဲလေးလုပ်ဖြစ်ပါသည်။မနက် ဘုန်းကြီးပင့်ဆွမ်းကပ် တရားနာပီးနောက် အိမ်နီးနားပတ်၀န်းကျင်ကလူတွေ ရောက်လာကြသည်။ဖိတ်စာတွင်လည်း လက်ဖွဲ့ခြင်းသီးခံပါဟုထည့်ရိုက်ထားသည်မို့ အိမ်နီးခြင်းတွေကတော့ သစ်သီးလေးတွေ နို့မုန့်၊သကြား၊အိုဗာတင်းလေးတွေကိုင်ကာ ရောက်လာကြပါသည်။အိမ်သစ်တက်အလှူအတွက် ဒံပေါက်‌သာအော်ဒါမှာလိုက်တော့သည်။
လာသမျှဧည့်သည်တွေကို အိမ်ရှင်ဖြစ်တဲ့ မင်းဘုန်းနဲ့စစ်လွန်းကဧည့်ခံနေတော့ စားဖို့ပန်းကန်လာချပေးတာ ပြန်သိမ်းပေးတာတွေကို မင်းဘုန်းရဲ့ သူငယ်ချင်းတွေကလာကူလုပ်ပေးပါသည်။

"ဟာ...ကိုတင်မောင်ဆွေ နောက်ကျတယ်ဗျာ။ကျွန်တော်က အကို့ကို မျှော်နေတာ"

"မနေ့ညက မန်ယူပွဲရှိတော့ ညနက်မှအိပ်ဖြစ်လို့ပါကွာ..."

စစ်လွန်းကတော့ နေ့ဂျူတီ ညဂျူတီနဲ့မို့ ကျောင်းမသွားရင် အိမ်မှာဘဲရှိနေတတ်တဲ့ မင်းဘုန်းက အခုဆို ပတ်၀န်းကျင်နဲ့ သိပ်မစိမ်းတော့ပေ။

"မန်ယူဘော်ဒီကိုင်လိုက်သေးလား"
ကိုတင်မောင်ဆွေကို တိုးတိုးလေးကပ်မေးလိုက်တော့ ကိုတင်မောင်ဆွေက ဘေးဘယ်ညာကြည့်ပီးမှ သူ့နားကပ်ကာ သွားကြားထဲကလေသံနဲ့ တိုးတိုးလေးပြန်ဖြေပါသည်။

"တိတ်တိတ်နေ!မရင်အေးသိရင် ငါသေမှာကွ"

"ဟိုမှာလာပီ လာပီ။ မရင်အေး လာထိုင်ဗျာ"

"လက်ဆောင်လည်းမပေးရတော့ အားနာတယ်မင်းဘုန်းရယ်...ရော့အချိုရည်တော့လက်ခံလိုက်"

Queen တံဆိတ်လိမ္မော်ပုလင်းလေးထည့်ထားတဲ့ကျွတ်ကျွတ်အိတ်ကို မ‌ရင်အေးက မင်းဘုန်းလက်ထဲထည့်ပေးလာတာသည်။ကိုတင်မောင်ဆွေတို့ လင်မယားအတွက် သွန်းကလည်း ဒံပေါက်နှစ်ပွဲနဲ့ အအေးလာချပေးပါသည်။

"ဒံပေါက်ကစားကောင်းလိုက်တာ မင်းဘုန်းရယ်...ဆိမ့်နေတာဘဲ"

"စားသာစား အများကြီးအော်ဒါမှာထားတာ ကလေးနှစ်ကောင်အတွက်လည်း ထည့်ပေးလိုက်အုံးမှာ"

ကြောင်နဲ့ကြွက်(Ongoing)Donde viven las historias. Descúbrelo ahora