"ယုယ အဆင်ပြေပါ့မလား။ခုရောက်နေတာက မာမီတို့ဆေးရုံနော် မာမီသိရင် ငါသေမှာ"
"နင်ကလည်း ခုမှလာကြောက်နေတယ်။တခြားမှာတွေ့ဖို့ချိန်းတာဘဲ နင့်လူကလာမှမလာတာ။အဲ့တော့ သူရှိတဲ့နေရာထိလိုက်လာရတာပေါ့"
"အေးအေး သတိထားပီးလုပ်နော် ကြားလာ ငါဟိုဘက်ကနေ နင့်ကိုစောင့်ရင်းနဲ့ အခြေအနေကြည့်နေမယ်"
"ဒေါက်တာစစ် ဒေါက်တာ့ဧည့်သည်တယောက်စောင့်နေပါတယ် ယုယလို့ပြောပါတယ်။လူနာရှင်တွေ စောင့်တဲ့နေရာမှာပါ"
စစ်လွန်း စိတ်လေသွားသည်။ဒီရက်ပိုင်း အဲ့ယုယဆိုတဲ့ကလေးမသူ့ဆီခဏခဏဆက်သွယ်နေတာပါ။ကြည့်ရတာ မင်းဘုန်းမာန်သစ်ကိုကူညီဖို့ အကွက်ရွှေ့နေပုံရသည်။ဒီထပ်ပိုပီး ရှောင်မနေချင်တော့တာမို့ ထိပ်တိုက်တွေ့ဖို့ပင်ဆုံးဖြတ်လိုက်သည်။
လူနာရှင်တွေဆောင့်တဲ့နေရာကိုလာတော့ ယုယဆိုတဲ့ကောင်မလေးက "ဒေါက်တာ စစ်လွန်း"သူ့ကိုလှမ်းခေါ်ကာ လက်လှမ်းပြလာတော့ စစ်လွန်း သူမရှိရာသို့သွားလိုက်သည်။
"ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတာ ဒီကညီမလား"
"ဟုတ်ပါတယ် တွေ့ပီးပြောပြစရာလေးတွေရှိလို့ပါ"
သူမရဲ့ပုံစံက သနားကမားဘက်လည်းမသွား ရန်လိုနေတာမျိုးလည်းမဟုတ်။ဘယ်လိုဒွမ်မာ(Drama)တွေခင်းအုံးမှာလဲ
"အရေးကြီးလို့လား"
"ဟုတ် ညီမအတွက်တော့ အရေးကြီးပါတယ်"
"ပြောကြည့်လေ အချိန်သိပ်မရပေမဲ့ နားထောင်ပေးပါ့မယ်"
"မင်းဘုန်းမာန်သစ်က ဒီကဒေါက်တာနဲ့ စေ့စပ်ထားတယ်ဆိုတာ အဲ့တာဟုတ်လား"
အားငယ်တဲ့လေသံလေးနဲ့ အဖြေသိပီးသားကိစ္စတခုကို မေးခွန်းထုတ်ပီး တိကျတဲ့အဖြေတခုရရင် ကြေကွဲတော့မဲ့ ပုံစံမျိုးလေးနဲ့ သူ့ကိုပြောလာတော့ သူလည်း သူမမျက်လုံးတွေကို သေချာ
ကြည့်ပီး အဖြေပေးလိုက်သည်။"အင်း"
စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ ခေါင်းလေးငုံ့လိုက်ပီးခဏအကြာမှ သူ့မျက်နှာကို အသနားခံတဲ့မျက်၀န်းလေးနဲ့မော့ကြည့်လာကာ သူမစကားဆိုလေသည်။