အပိုင်း၂၃

20 1 0
                                    

မင်္ဂလာပွဲကအပြန် ပင်ပန်းတာနဲ့ ညနေ၆နာရီမှာ၀င်အိပ်လိုက်တာ ည‌၈နာရီမှ မင်းဘုန်းလာနိုး၍ မျက်မှုံစုံဝါးဖြင့် နိုးလာရသည်။ညနေက မင်္ဂလာပွဲမှာစားခဲ့တဲ့ဟင်းတွေကြောင့် အီလည်လည်ကြီးဖြစ်နေတာမို့ အောက်ထပ်ဆင်းကာ ကလေးမလေးတစ်ယောက်ကို သံပုရာရည်တခွက် ဖျော်ခိုင်းပီး သောက်လိုက်ရသည်။
အပေါ်သို့ပြန်တက်သွားတော့ မင်းဘုန်းမာန်သစ်က ရေအရင်၀င်ချိုးနေပီဖြစ်သည်မို့ အခန်းထဲကနေ laptop ထိုင်သုံးရင်းနဲ့ ရေချိုးဖို့ရန်စောင့်နေလိုက်သည်။*မင်္ဂလာဆောင်တာတောင် အဲ့လောက်ပင်ပန်းနေတာကို ဘာ! Party *မင်းဘုန်းနဲ့တော့ ရူးချင်တယ်။ဒါတောင် အလုပ်ကခွင့်မရလို့ ဟန်းနီးမွန်းမထွက်ဘူးပြောထားလို့သာ...မင်းဘုန်းနဲ့ဟန်းနီမွန်းသာထွက်ရလျှင် အိမ်တောင်ပြန်ရောက်ဖြစ်မည်မထင်...

°°°°°°°°

ရေချိုးတပတ်ကိုခါးမှာပတ်ကာ ဆံပင်ကို တပတ်အသေးဖြင့်တခါတခါလုပ်ပီး ရေချိုးခန်းထဲကထွက်လာတော့ ကိုကိုက သူ့ကိုမျက်လုံးအဝိုင်းသားနဲ့ကြည့်နေလေသည်။

"ကိုကို ရေချိုးတော့လေ။ ခဏနေရင် သွန်းတို့မိတ်ကပ်လာပြင်ပေးတော့မှာ Partyက ၁၀နာရီစမှာ Clubမှာဆိုတော့ မိုးလင်းပေါက်ဘဲ"

"အင်းး အင်းအင်း ခုချိုးတော့မို့"

မင်းဘုန်းကို ရှက်သလိုဖြင့် laptop ကိုအမြန်ပိတ်ပီး ဘယ်နားထားရမှန်းမသိသလိုလို၊အ၀တ်ဗီရိုဆီသွားပီး တခုခုယူမလိုလိုနဲ့ ဖြစ်နေတဲ့ ကိုကို့ကို မင်းဘုန်းက စချင်တာနဲ့ ကိုကို့အနီးနားသွားလိုက်ပီး

"ဘာရှာနေတာလဲ"

"ဟင်!ဘာ ဘာမှမရှာဘူး ရေချိုးမလို့"

"အင်းချိုးလေ"

"မင်းကအရှေ့ကနေပိတ်ရပ်ထားတာလေ"

"မပိတ်ရပ်ထားပါဘူး ကိုကိုသွားချင်ရင်သွားလို့ရနေတာဘဲ"

"အင်း ငါသွားမယ် နဲနဲဖယ်"

မင်းဘုန်းက အနည်းငယ်ဖယ်ပေးလိုက်တော့ စစ်လွန်းခြေနှစ်လှမ်းလောက်ရွှေ့ပီးစဉ်မှာ စစ်လွန်းရဲ့ လက်မောင်းကနေ မင်းဘုန်းကဆွဲခေါ်လိုက်တော့ စစ်လွန်းရဲ့ ကျောပြင်က စောစောက ဗီရိုမှာကပ်သွားလေသည်။

ကြောင်နဲ့ကြွက်(Ongoing)Onde histórias criam vida. Descubra agora