ဒီနေ့ညတော့ စည်သူရဲ့တက်တူးဆိုင်တွင် လူစုံနေကြသည်။Barလည်းမသွားချင်တာမို့ ဆိုင်မှာသာအေးဆေးသောက်ရန် စီစဉ်ထားကြခြင်းဖြစ်သည်။မင်းဘုန်းအမွေရထားတဲ့ ဆိုင်ခန်းများက လမ်းမကြီးနဲ့အညီ အောက်ထပ်တွင်ဆိုင်ဖွင့်လို့ရ၍ အပေါ်ထပ်တွင်တော့ လူနေလို့ရခြင်းကြောင့် အဆင်ပြေသည်။သွန်းကတော့ တခန်းငှား၍ Beauty Salon ကို Hair ပိုင်းဖွင့်ထားသည်။ယုယကလည်းသွန်းနဲ့ကပ်လျက် အခန်းငှါး၍ Nails& Foot Cleansing ဆိုင်လေးဖွင့်ထားသည်။စည်သူလင်းကတော့ Tattoo ဆိုင်လေးဖွင့်ရန်တခန်းငှါးထားပေမဲ့ နောက်တော့ မေသော်ကလည်း မာလာရှမ်းကော/မောက်ချိုက် နဲ့အကင်ဆိုင်လေးဖွင့်ချင်သည်ဟုဆိုလာတာကြောင့် တခန်းထပ်ငှါးပေးဖြစ်သွားသည်။အဖွဲ့ထဲကိုနောက်ဆုံးမှရောက်လာတာကတော့ သွန်းရဲ့ကောင်လေးပါ။တွဲလာတာကြာပီဆိုတော့ သူလည်းအဖွဲ့၀င်တယောက်လိုဖြစ်နေပီလေ။မြို့တောင်ဘက်မှာဖွင့်ထားတဲ့ သူ့ရဲ့ Second Hand ဖုန်းဆိုင်တောင် စာချုပ်ပြည့်တာနဲ့ ဆိုင်ခန်းပြန်အပ်ပီး သွန်းနဲ့နီးအောင် ဒီဘက်ရွှေ့လာပီး နောက်ဆုံးကျန်တဲ့ဆိုင်ခန်းတခန်းကိုငှါးမယ်လို့ စီစဉ်နေပီဖြစ်သည်။သူငယ်ချင်းအကုန်လုံးက အခုလိုတစုတစည်းထဲနေကြတော့ တွေ့ချင်ရင် တယောက်စီလာလိုက်တာနဲ့ အားလုံးကိုတွေ့ရတော့ အဆင်ပြေသည်လေ။ တယောက်နဲ့တယောက်တွေ့ဖို့ ပတ်ရှာပီး လိုက်ဖမ်း နေစရာမလိုတော့ဘူးပေါ့။
"ဒီမှာ အကင်တွေလာပီ။ဒီမှာ နင်ကြိုက်တာတွေပိုကင်လာတယ်နော်"
မေသော်မှမဟုတ်ဘူး အားလုံးက သူ့ကိုအဲ့လိုဘဲဦးစားပေးကြသည်။ဒါက ဆိုင်ခန်းတွေဈေးလျော့ပီးငှါးပေးထားလို့ ဖားကြသည်လည်းမဟုတ်။တဦးစေတနာ တဦးမေတ္တာဆိုသလိုပေါ့။
"မိန်းမ အရည်သောက်လေးမပါဘူးလား"
"လုပ်နေပါတယ်ရှင်။မောက်ချိုက်ကော ဂင်ချီဟင်းရည်ကော လုပ်နေပါတယ်နော်။စွပ်ပြုတ်အချိုလည်း ထပ်နွေးထားတယ်နော်"
"မင်းဘုန်း သွန်းတို့ပြန်မလာသေးဘူးလာ"
မြင့်အောင်ကျော်က သူ့ကောင်မလေးကို စိတ်ပူတဲ့လေသံနဲ့မေးလာတော့ အမြင်ကပ်မိသည်။ဟိုကခေါ်တုန်းကကြ မလိုက်သွားဘဲနဲ့များ။