မနက်ပိုင်း စာသင်ချိန်တွေပီးတာနဲ့ မင်းဘုန်းတို့အုပ်စု ကန်တင်းကိုထွက်လာခဲ့သည်။
"ဟျောင့် မင်းဘုန်း မင်းဒီနှစ်ကျောင်းတက်ရက်မှန်လှချည်လား။ဒါဆို ဒီနှစ်တော့ Second Semester လာဖြေလောက်ပါတယ်နော်"
"မပြောတတ်ဘူး။အခြေအနေအရဘဲ ငါဖြေချင်ဖြေမယ် ငါမဖြေချင်မဖြေဘူး"
"အကိုတို့ဘာမှာမလဲ"
"လက်ဖက်ထမင်း ကြက်ဥနဲ့"
"အကိုက လက်ဖက်သုပ်ကို ထမင်းဖြူဆီစမ်းလေးနဲ့"
"ပုန်းရေကြီးထမင်းသုပ် ကြက်ဥကြော်နဲ့ တပွဲ"
"ငါက ခေါက်ဆွဲပြုတ် ကြက်ဥထည့်မယ်။မင်းဘုန်း မင်းကကော ဘာစားမှာလဲ"
"Shark တဗူး"
"ထမင်းမစားဘူးလား မင်းက"
"တော်ပီ ခဏနေ ယုယလာခေါ်မှာ ငါနေ့လည်အတန်းမတက်တော့ဘူး"
"ဪ ဟိုလက်သည်းခြေသည်းဆိုင်ဖွင့်ထားတဲ့ကောင်မလေးလား။ငါ့ကို သူနဲ့ချိတ်ပေး"
"အဲ့ကောင်မလေးက bodyရှယ်လှတာ။ငါလည်းကြွေတယ်"
"ဟျောင့် ငါအရင်ပြောတာကွ"
"ဟိုက သူကြွေနေတဲ့ဘဲကြီးရှိတယ်။ လိုက်လည်း မင်းတို့ရမှာမဟုတ်ဘူး"
"မင်းက မိန်းမတွေအကြောင်းမသိလို့ပါ မင်းဘုန်းရာ... မိန်းကလေးတွေဆိုတာ သူတို့နားမှာ သူတို့လိုအပ်တဲ့အချိန်တိုင်း ကူညီဖေးမ ကာကွယ်ပေးရင် ကိုယ့်အပေါ် မေတ္တာသက်၀င်လာရော"
"မင်းကပိုနားမလည်တာပါကွာ... မိန်းကလေးတွေက သူတို့သဘောကျပီးအားကိူးချင်တဲ့သူရှေ့မှာမှ အားနွှဲ့သူလေး လုပ်ပြတာကွ"
"ဟုတ်တယ် မင်းဘုန်းပြောတာမှန်တယ်။မိန်းမတွေက သူတို့ကို ဖေးမကူညီစေချင်တဲ့သူကိုမှ သူတို့က အားနွှဲ့ပြတာ"
°°°°°°°°°°°
"ဒီပလက်ပေါက်က ဘာလို့ ပလက်ထိုးရင်ချောင်နေတာမှန်းမသိဘူး"
"အဲ့ပလက်ပေါက်က လှဲမှရတော့မှာ မဟုတ်ရင် ဓာတ်လိုက်လိမ့်မယ်။ ပြအုံးဘယ်လိုပုံစံမျိုးလဲ"
စွမ်းရည်က ယုယပြောတဲ့ပလက်ပေါက်ကိုသေချာကြည့်ပီး ဖုန်းထုတ်လာကာ ပလက်ပေါက်ကို ဓာတ်ပုံရိုက်ယူပီးမှ
"ဒီပုံစံအတိုင်းရှာ၀ယ်ပီး အသစ်ပြန်လှဲတပ်ပေးမယ်နော်"
