တီတီတီတီ.... တီတီတီတီ....
Phone Alarm ကအဆက်မပျက်မြည်သံကြားနေသောလည်း စစ်လွန်းထပိတ်ဖို့ရန်အတွက် ခန္ဓာကိုယ်က လှုပ်မရဖြစ်နေသည်။စစ်လွန်းခန္ဓာကိုယ်ပေါ် အလေးချိန်များတဲ့အရာတခုက တင်စီးထားသလိုဖြစ်နေသည်။
"မင်းဘုန်း... မင်းဘုန်း... "
"အင်း"
"ထအုံး မင်းPhoneကမြည်နေတဲ့ Alarmပိတ်လိုက်အုံး"
"အင်း"
အင်းဆိုပီးလည်း တုတ်တုတ်မလှုပ်တာကြောင့် စစ်လွန်းရဲ့စကားတွေကို သူတကယ်မကြားဘဲ ယောင်ရမ်းကာ အင်းလုပ်နေမှန်းသိလိုက်ရသည်။
Alarm မြည်နေသည့်မင်းဘုန်းရဲ့ဖုန်းမှာ မင်းဘုန်းအိပ်တဲ့ဖက်ရဲ့ အစွန်းတွင်ရှိပီး မင်းဘုန်းမှာ နံရံနဲ့ကပ်နေသည့် စစ်လွန်းကိုယ်ကို ခွကာဖက်ထားပီး အိပ်နေခြင်းဖြစ်သည်။
Alarmထပိတ်ရန် စစ်လွန်းဟိုလှည့် ဒီလှည့်လုပ်လည်း မရတာမို့ အားကုန်သုံးကာရုန်း၍ ကန်ချလိုက်သည်။ကုတင်အောက်ဘက်ထိပြုတ်ကျသွားတဲ့ မင်းဘုန်းမှာ အိပ်ချင်မူးတူးဖြင့် ပြာပြာသလဲထကာ
"ဘာလို့ တွန်းချတာလဲ"
ခုထိမြည်နေသေးတဲ့ ဖုန်းကိုယူကာ Alarm ပိတ်ရန်ကြည့်လိုက်တော့ အကိုတော်ချောက ၅မိနစ်တခါကို ၁နာရီစာလောက် Alarm ပေးထားခြင်းဖြစ်သည်။ ပေးထားတဲ့ Alarmတွေအကုန်လုံးကို ပိတ်ချလိုက်ပီးမှ မင်းဘုန်းကိုကြည့်ကာ
"တွန်းချလိုက်တာမဟုတ်ဘူး ကန်ချလိုက်တာ"
"ဟ! မနေ့ကမှယူလိုက်တာကို ဒီနေ့ကို နှိပ်စက်နေပီလား။ဒါအိမ်တွင်းအကြမ်းဖက်မှုနော်။တိုင်မှာ အခုကိုအောက်ဆင်းပီးတိုင်မှာ"
ကလေးတစ်ယောက်လို မျက်နှာကိုဆူပုတ်ကာ အမေနဲ့ပြေးတိုင်မယ်လုပ်နေတာကြောင့် စစ်လွန်းအမြန်ပင် ပြန်ချော့လိုက်ရသည်။
"Sorry. Sorry လို့. ဘယ်နားနားသွားတာလဲ။မင်းက Alarm တွေတောက်လျှောက်ပေးထားတော့ ငါကထပိတ်ဖို့နိုးတော့လည်း မင်းက အင်းအင်း ဆိုပီး ထမှမပိတ်ဘဲ"
"ထမပိတ်လို့ဆိုပီး ကန်တာပေါ့။မာမီရေ...မာမီရှာပေးလိုက်တဲ့ မာမီ့သားမက်အလိမ္မာလေးက သားကို Alarm ထမပိတ်ပေးလို့ဆိုပီး ကန်"