မြန်မာ့နှစ်သစ်ကူးသင်္ကြန်ရက်လည်းနီးပီဆိုတော့အိမ်ကလူကြီးတွေလည်း တရားစခန်း၀င်ဖို့ပြင်ဆင်နေကြပီလေ။စစ်လွန်းတို့ကတော့ ဆေးရုံမပိတ်တော့ သူ့အဖွဲ့ကိုယ့်အဖွဲ့ ဂျူတီလဲပီးနားကြရန်သာ စီစဉ်ထားသည်။
စစ်လွန်းဂျူတီကညပိုင်းမို့ ခုမနက်မှအိမ်ပြန်ရောက်တာဖြစ်သည်။ရောက်ရောက်ချင်းဗိုက်ဆာတာနဲ့ မေမေနွေးပေးတဲ့နွားနို့ပူပူလေးနဲ့ ပေါင်မုန့်နဲ့စားနေလိုက်သည်။မေမေကတော့ ဟင်းတွေချက်ပြုတ်ရင်း မီးဖိုခန်းထဲမှာအလုပ်များနေလေသည်။
"သားငယ်ရေ... မေမေတို့ သင်္ကြန်အတွင်းတရားစခန်း၀င်မှာဆိုတော့ အစားအသောက်ကိုသေချာစားနော်ကြားလာ။အသင့်စားတွေချည်း၀ယ်စားမနေနဲ့အုံးကြားလာ။မေမေအရံဟင်းတွေတော့ လုပ်သွားပေးတယ်နော်။နံရိုးတို့အသားတို့လည်း စားခါနီးကြ တခါထပ်နွေးပီးမှစားနော်"
"ဟုတ်ကဲ့ပါ မေမေရယ်။သားက ကလေးလား"
"ဒေါက်တာစစ်လွန်းအိဏ်က ကလေးမဟုတ်တော့မှန်း ကျွန်မသိပါတယ်ရှင်...အိမ်ထောင်ကျသွားပီမှန်းလည်း ကျွန်မမှတ်မိပါတယ်ရှင့်"
"ဟာ...မေမေကလည်း"
မေမေ့စကားကြောင့်ရှက်သွားတဲ့စစ်လွန်းကိုကြည့်ပီး မေမေကလည်းသဘောကျစွာရယ်ပါသည်။
"ဒီသားအမိတွေ ဘာတွေဒီလောက်တောင်သဘောကျနေကြတာတုန်းဗျ!"
ဖေဖေက မျက်မှန်ကိုခေါင်းပေါ်တင်လျက် ဖုန်းကိုင်ပီး မီးဖိုခန်းထဲ၀င်လာသည်။သတင်းကြည့်နေရင်း သူတို့သားအမိရယ်သံကြားလို့ ၀င်လာပုံရသည်။
"အကို့သားပေါ့ သူက ကလေးလားလို့မေးလာလို့ သူအိမ်ထောင်ကျပီးပီမှန်းကျွန်မမှတ်မိကြောင်းပြောနေတာ"
"အင်းးးဪ!ဒါနဲ့ သားငယ်တို့ကိုမင်္ဂလာလက်ဖွဲ့မဲ့တိုက်ခန်းကို အတွင်းပိုင်းဖေဖေသေချာပြင်ဆင်ခိုင်းထားတယ်။အဲ့တာ သားအချိန်ရရင်သွားကြည့်လိုက်အုံး အဆင်မပြေတာရှိရင် ပြန်ပြင်ခိုင်းလို့ရအောင်"
"ဟုတ်ဖေဖေ"
°°°°°°°°°°°°°
သင်္ကြန်နားနီးပီဆိုကတည်းက ခရီးထွက်တဲ့သူတွေများတာကြောင့် ကားဂိတ်တွေလည်းအရင်ကထပ်ပို၍အလုပ်ဖြစ်နေသည်။ဒယ်ဒီရဲ့ခရီးသွားလုပ်ငန်းမှာလည်း နိုင်ငံခြားခရီးသွားဧည့်သည်တွေပိုများတာကြောင့် ဒယ်ဒီအပါအ၀င် ရုံးက၀န်ထမ်းတွေလည်း အလုပ်ရှုပ်နေကြသည်။အဲ့တာကြောင့်လည်းဒီရက်ပိုင်း သားအဖနှစ်ယောက်က သိပ်စကားမများဖြစ်ကြပေ။အလုပ်ကိုယ်စီဖြင့် ရှုပ်နေသောကြောင့်ပင်။