ဒီနေ့ မင်းဘုန်းမာန်သစ်က စစ်လွန်းကိုလာတောင်းရမ်းစေ့စပ်ကြမှာမို့ အကျွေးအမွေးအတွက် စီစဉ်နေကြခြင်းဖြစ်သည်။မော်မော်နဲ့မျိုးနောင်တို့ပါ ခွင့်ရက်ယူ၍လာကူနေကြသည်။
မျိုးနောင်ကတော့ အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်ဖို့ခုံတွေနေရာချနေပီး မော်မော်ကတော့ အသီးအနှံလေးတွေကို သေချာရေဆေးပီး အစိတ်လေးတွေဖြစ်အောင်ခွဲနေလေသည်။စစ်လွန်းကတော့ ဧည့်သည်တွေသောက်ဖို့ ကော်ဖီဖျော်နေလိုက်သည်။ဖေဖေပြန်လာတော့ ကိတ်မုန့်တွေနဲ့ ပန်းတွေပါ၀ယ်လာသည်။မေမေကတော့ ဒါလေးသွား၀ယ်တာ အဲ့လောက်ကြာရသလားဆိုပီး ဖေဖေ့ကိုပွစိပွစိရွတ်လျက် ၀ယ်လာသည်ပန်းတွေကို အရွက်ခြွေ အကိုင်းချိုးနဲ့ ပန်းအိုးထိုးနေလေသည်။စစ်လွန်းကတော့ ဖေဖေ၀ယ်လာသည့် ကိတ်မုန့်တွေကို ပန်းကန်ထဲသေချာထည့်လျက်ထားလိုက်တော့သည်။"ဟဲ့စစ်လွန်း ရေချိုးပီးပြင်ဆင်ထားတော့လေ ခဏနေ ဟိုအိမ်ကလာတောင်းတော့မယ်။ကျန်တာငါတို့လုပ်ထားလိုက်မယ် သွားပြင်ဆင်တော့"
မော်မော်ကပြောလာသည်မို့ စစ်လွန်းလည်း ရေချိုးရန်အခန်းထဲသို့၀င်လာခဲ့လိုက်သည်။
°°°°°°°°°
"သွန်း ငါ့ဆံပင်ကေကို အဲ့လိုအပြောင်ကြီးလှန်မသိမ်းပေးနဲ့လို့ ရှေ့မှာစတိုင်လေးမိနေအောင်လုပ်ပေးအုံး"
"ငါသိပါတယ် ရှည်လိုက်တာ နင်ကလည်း"
"ဟဲ့ lip balm လေးဆိုးအုံး"
"ဟာ... မကြိုက်ပါဘူး"
"ဟဲ့သတိုးသားက နှုတ်ခမ်းခြောက်နေရင် ဘယ်လှမလဲ ချောချင်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး"
ဒီနေ့မင်းဘုန်းရဲ့ တောင်းရမ်းစေ့စပ်ဖို့သွားရန်အတွက် သူငယ်ချင်းတွေက အိမ်ရောက်လာပီး ပြင်ဆင်ပေးနေကြသည်။အောက်မှာ မာမီတို့လည်း အလုပ်ရှုပ်နေကြသည်။
"ရပီ ရပီ နင်အဲ့လောက်ဆိုချောပီ။ငါအောက်မှာ အန်တီနဲ့ဖွားဖွားကို သွားပြင်ပေးလိုက်အုံးမယ်။ယုယ မေသော် ကျန်တာလုပ်ပေးလိုက်တော့"
"မေသော် စည်သူကော... "
"ကန်တော့ပွဲသွားယူနေတယ်လေ"
စည်သူလင်းနဲ့မေသော်တာတို့ လင်မယားက နှစ်ယောက်လုံးမအားတဲ့နေမျိုးဆို သူ့တို့သမီးလေး မေအမရာလင်း ကိုမေသော့်အမေဆီပို့ထားတတ်ကြသည်။
![](https://img.wattpad.com/cover/358233657-288-k966253.jpg)