အပိုင်း ၂၂

24 3 0
                                        

Hotelမှ မင်္ဂလာပွဲပီး အိမ်သို့ပြန်ရောက်တော့ စစ်လွန်းက ပင်ပန်း၍နားချင်သည်ဟုဆိုကာ အပေါ်တက်သွားလေသည်။မင်းဘုန်းမာန်သစ်တော့ သူလက်ထပ်လိုက်ရတဲ့ သတိုးသားဟာ သူတချိန်လုံးလိုက်လံရှာဖွေခဲ့သည့် သူ့အချစ်ဦး ကိုကိုဆိုသူဖြစ်နေကြောင်းကို အခုထိမယုံကြည်နိုင်ဘဲရှိနေရာ.....

"မာမီ.... မာမီလို့.... ကိုကို့ကိုဘယ်မှာရှာတွေ့ခဲ့တာလဲ ပြောပြလို့ ပြောပြပါဆို"

"ဘယ်လိုရှာတွေ့ရမှာလဲ ဒီလိုဘဲပေါ့သားရဲ့"

"‌အိမ်ထောင်ဖက်ကို ယောက်ျားလေးနဲ့တွေ့ခိုင်းကတည်းက မာမီ့ကို သားသံသယ၀င်နေတာ။ပြော!မာမီသားနောက်ကွယ်ကနေ သားဘာတွေလုပ်လဲ လိုက်စုံစမ်းနေခဲ့တာလား"

"အမလေး မဟုတ်ရပါဘူးကိုမင်းဘုန်းရယ်။ကျွန်မအဲ့လောက်မအားရပါဘူး"

"ဒါဆိုမာမီဘယ်လိုသိလဲ သားအချစ်ဦးက ကိုကိုဆိုတာ"

"သားအခန်းလေး၀င်ရှင်းတုန်း သားရေးလက်စ ဒိုင်ယာရီစာအုပ်လေးကို မတော်တဆဖတ်မိသွားယုံပါ။သားအဖေကသာ သူ့သားကွေးမှန်းမသိဘာမသိနဲ့ အလကားစပ်စလူးမတွေနဲ့ လျှောက်စီစဉ်နေတာ"

"ဟားဟား မာမီကတအားပြောတတ်တာဘဲ"

°°°°°°°°°

တနေ့ဆေးရုံမှာအလုပ်လာလျှောက်တဲ့‌ဖောင်တွေကို ခင်သီတာစစ်နေတုန်း စစ်လွန်းအိဏ်အလုပ်လျှောက်လွှာရဲ့မိဘအမည်မှာ သူနဲ့ရင်းနှီးတဲ့နာမည်အားတွေ့လိုက်ရတော့ သူသိတဲ့သူများဖြစ်နေမလားဟုတွေးလိုက်မိသည်။အလုပ်ခန့်တဲ့ထဲ စစ်လွန်းအိဏ်ပါ ပါလာတော့ သူ့အသိမိတ်ဆွေရဲ့သားဟုတ်မဟုတ်ကို အကဲ‌ခတ်ကြည့်ပီးကာမှ မေးမြန်းလိုက်တော့ သူထင်ထားသလိုဘဲ သူ့သူငယ်ချင်းအရင်းကြီးရဲ့သားဖြစ်နေမှန်းသိခဲ့ရသည်။စစ်လွန်းကနေတဆင့် ငယ်သူငယ်ချင်းဖြစ်တဲ့ သင်းသင်းလှိုင်နဲ့အဆက်အသွယ်ရခဲ့ပီး စစ်လွန်းရဲ့အတိတ်အကြောင်းတွေသိခဲ့ရခြင်းဖြစ်သည်။

အိမ်ရှေ့မှာကားဟွန်းတီးသံကြားလိုက်တာမို့ သင်းသင်းလှိုင်တံခါးထွက်ဖွင့်တော့ သားငယ်ကနေတဆင့်အဆက်အသွယ်ပြန်ရတဲ့ ငယ်သူငယ်ချင်းကြီးဖြစ်နေလေသည်။

ကြောင်နဲ့ကြွက်(Ongoing)Donde viven las historias. Descúbrelo ahora