မင်္ဂလာဆောင်ပီးနောက် မင်းဘုန်းရဲ့မိဘအိမ်မှာဘဲ တပတ်လောက်နေဖြစ်ကြသည်။စေ့စပ်တဲ့နေ့တုန်းက မေမေခေါ်လာတဲ့ဆရာဆီမှာဘဲ အိမ်သစ်တက်ရက်ရွေးပီး တိုက်ခန်းသို့ရွှေ့ပြောင်းရန်စီစဉ်ထားခြင်းကြောင့်ပင်။ဆေးရုံအသွားအပြန်ကိုတော့ မင်းဘုန်းကသာ အကြိုအပို့လုပ်ပေးပါသည်။ဒီနေ့တော့ 24hrနားရတာမို့ တိုက်ခန်းသို့ပြောင်းရန်စီစဉ်နေကြခြင်းဖြစ်သည်။မင်းဘုန်းရဲ့သူငယ်ချင်းတွေပါ အိမ်ရောက်နေကြပီး ပစ္စည်းတွေအကုန်ထုတ်ပိုးကာ ကူသယ်နေကြသည်။ပစ္စည်းတွေအားလုံးစုံတာနဲ့ အခုနေကြမဲ့ တိုက်ခန်းရှိရာဆီသို့ထွက်လာခဲ့လိုက်သည်။တိုက်ခန်းသို့ရောက်သော် စစ်လွန်းက စည်သူ့ကိုအခန်းသော့ပေးလိုက်တာကြောင့် ယူလာသမျှပစ္စည်းတွေကို စည်သူတို့ကဘဲ တိုက်ခန်းသို့တင်ပေးကြသည်။
"မင်းဘုန်း ဒီအနီးနားပတ်၀န်းကျင်ကို လိုက်နှုတ်ဆက်ပီး အိမ်သစ်တက်ဖိတ်စာလေးလိုက်ဝေလိုက်"
"ငါက ဒီတတိုက်လုံးနဲ့ အရှေ့ကတိုက်ကိုလိုက်ဖိတ်လိုက်မယ်။ ကျန်တာက မင်းဘဲသွားဖိတ်လိုက်တော့"
စစ်လွန်းပြောသမျှကို ခေါင်းလေးငြိမ့်ကာ ဖိတ်စာကိုင်ပီးထွက်သွားပေမဲ့ ဘာတွေဖြစ်လာမလဲသာစိုးရိမ်နေရသည်။
ဒေါက်ဒေါက်
"ဘယ်သူနဲ့တွေချင်လို့လဲ"
"ကျွန်တော်က ဒီ၄လွှာကိုပြောင်းလာတာပါ။ကျွန်တော့်နာမည်က စစ်လွန်းအိဏ်ပါ။အိမ်သစ်တက်ဖိတ်စာလေးလာပေးတာပါ"
"ဪ ဟုတ်ပါပီ လာခဲ့ပါ့မယ်နော်"
"ဟုတ်ကဲ့"
"အမေ စောစောကအကိုက ဘာတဲ့လဲ"
"ဒီအပေါ်ထပ်က အိမ်သစ်တက်လာဖိတ်တာတဲ့"
"ဪ ပတ်၀န်းကျင်လေးစိုပြေလာတော့မှာပေါ့။ အဲ့အကိုက ဆင်လိုက်တာ အမေရယ် ဟီးဟီး"
"ဟီးဟီး မနေနဲ့။ဟိုက လင်နဲ့"
"ဟင်! ဘယ်မှာလဲ ဘယ်မှာလဲ"
အမေ့လက်ထဲက ဖိတ်စာကိုအပြေးအလွှားကြည့်လိုက်တော့ *ကိုမင်းဘုန်းမာန်သစ်+ကိုစစ်လွန်းအိဏ်တို့၏ အိမ်သစ်တက်မင်္ဂလာ*တဲ့။နှမြောစရာဘဲ လောကကြီးက အဆင်ဆိုလင်နဲ့ ဆိုတဲ့အတိုင်းကိုဖြစ်နေလေပီ။
