အပိုင်း၁၉

43 3 2
                                        

ဒီနေ့တော့ မင်းဘုန်းနဲ့ စစ်လွန်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးပွဲနေ့လေးဖြစ်တာမို့ မင်းဘုန်းရဲ့ဖွားဖွားလှူဒါန်းနေတဲ့ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်ကြမှာဖြစ်သည်။ဒယ်ဒီ့တစ်၀မ်းကွဲမောင်နှမတွေနှင့် မာမီမိတ်ဆွေများကလည်း တနေ့ကတည်းက ရောက်ရှိလာကြသည်မို့ အိမ်မှာလူစည်နေသည်။
ဟန်နီ့အိမ်တွင်လည်း သူ့အမျိုးတွေစုံညီစွာရောက်ရှိနေကြသည်။

မင်္ဂလာဆွမ်းက နေ့ဆွမ်းကပ်မှာဖြစ်တာမို့ အမျိုးတချို့ကတော့ ဘုန်းကြီးကျောင်းမှာ၀င်ကူညီနေကြသည်။မိတ်ကပ်နှင့်ဆံပင်အတွက် သွန်းကိုအပ်ထားတာမို့ သွန်းတို့သူငယ်ချင်းအုပ်စုမနက်အစောကတည်းကရောက်နေကြခြင်းဖြစ်သည်။
Video ရိုက်ဖို့အတွက်လည်း Camera သမားတွေလည်းရောက်ရှိလို့နေပီဖြစ်သည်။ကိုစစ်လွန်းကိုအရင်ပြင်ပေးနေသည်မို့ မင်းဘုန်းtoiletထဲ၀င်လာပီး လက်ဆေးရင်း လှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်အောင်ထိန်းကြည့်သည်။သက်ပြင်းဖွဖွလေးချကာ မှန်ကိုမော့ကြည့်လိုက်တော့....

"အားးးငါဒီအရွယ်လေးနဲ့ အိမ်ထောင်ပြုရတော့မှာတဲ့ နှမြောလိုက်တာ"
မင်းဘုန်းသူ့ပါးသူကိုင်ရင် မှန်ထဲကသူ့မျက်နှာကိုကြည့်လျက် နှမြောနေမိသည်။

ခဏအကြာပြန်ထွက်လာတော့ မိတ်ကပ်ပြင်ဖို့ရန်အလှည့်ကျပီမို့ ထိုင်ခုံမှာ၀င်ထိုင်လိုက်သည်။သွန်းက Skincare ကိုသေချာလိမ်းပေးပီးနောက်  Foundation ‌လိမ်းကာ ညီညာနေအောင်သေချာလေးလိမ်းပီးနောက် ပေါင်ဒါလေးကို brush လေးနဲ့ မျက်နှာပေါ် လိုက်ဖြန့်လိုက်သည်။

"ပါးပါးလေးဘဲလိမ်း ငါကချောပီးသား"

"မရှည်နဲ့ ငါကျွမ်းတာငါသိတယ်"

မင်းဘုန်းက Videoရိုက်နေတဲ့ Camera manဘက်ကို တချက်ကြည့်ကာ
"တွေ့တယ်နော် ဒါမျိုးအမိအရရိုက်ထား သွန်းစန္ဒီ၏ Client အားဆက်ဆံပုံဆိုပီး လိုင်းပေါ်တင်ရမယ်"

"ပါးစပ်ပိတ်ထား ငါ Bronzer ချမလို့"

မျက်လုံးမွေးသေချာသိမ်းပီးနောက် lip balm လေးဆိုးပေးလိုက်သည်။ဆံပင်ကိုလည်း ကောက်ဆက်နဲ့သေချာပုံသွင်းပီး လှိုင်းပုံစံသပ်သပ်ရပ်ရပ်လေးဖြစ်သွားတော့ Spray လေးဖြန်းလိုက်သည်။
သတိုးသားနှစ်ယောက်ကိုပြင်ပေးပီးတာနဲ့ နှစ်ဖက်မိဘတွေ ဆွေမျိုးတွေကိုတန်းစီပြင်ပေးရသည်။သွန်းတစ်ယောက်ထဲမနိုင်တော့တာမို့ ယုယနဲ့ မေသော်တို့ပါ၀င်ကူညီကြလေသည်။

ကြောင်နဲ့ကြွက်(Ongoing)Onde histórias criam vida. Descubra agora